အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
မဿဲ 13:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။ Common Language Bible မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။ Garrad Bible ကောင်း သော မြေ တွင် ကြဲ ထား သော သူ မူ ကား တ ရား တော် ကို ကြား နာ၍ နား လည် သော ကြောင့် အ သီး သီး သ ဖြင့် အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက် သော သူ ဖြစ် သ တည်း ဟု ဖွင့် ပြ တော် မူ၏။ Judson Bible ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။ မြန်မာ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ |
အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏။
သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီ။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခံရ၍ မီးထဲသို့ ပစ်ချခံရလိမ့်မည်။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်ဖြင့် သက်သေထူကြလော့။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
အခြားသူတို့မှာမူ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့နှင့်တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟု မိန့်တော်မူ၏။
ဤသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ အသီးမသီးလျှင်ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ စိုက်ပျိုးသည်ထက် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ ထိုသို့ မိန့်တော်မူပြီးမှ “နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု ကြွေးကြော်တော်မူ၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
ဘုရားသခင်၏လူ ဖြစ်လျှင် ဘုရားသခင်၏စကားကို နားထောင်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ လူမဟုတ်သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
သွာတိရမြို့မှ ဘုရားသခင်ကို ကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ပြောသောအရာများကို နားထောင်လျက်နေ၏။ သူသည် ခရမ်းရောင်အထည်များကို ရောင်းသောသူဖြစ်၏။ ပေါလုဟောပြောသော စကားများကို အာရုံစိုက်နားထောင်ရန်အတွက် သူ၏စိတ်နှလုံးကို ဘုရားသခင်သည် ဖွင့်ပေးတော်မူ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ပို၍ စိတ်သဘောထားပြည့်ဝကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာခံယူကြ၍ ထိုဟောပြောချက်များ မှန်သည်၊ မမှန်သည်ကိုသိမြင်ရန် ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာ၍ ဆန်းစစ်ကြ၏။
မျိုးကြဲသူအတွက် မျိုးစေ့နှင့် စားစရာ အစာကို ပေးတော်မူသောအရှင်သည် သင်တို့အတွက် မျိုးစေ့ကို ပေး၍ ပွားများစေတော်မူလိမ့်မည်။ သင်တို့၏ ဖြောင့်မတ်ခြင်းမှ ထွက်သော အသီးအပွင့်များကိုလည်း တိုးပွားစေတော်မူလိမ့်မည်။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
မြေကြီးသည် မိမိအပေါ် အဆက်မပြတ်ရွာသွန်းသော မိုးရေကို သောက်သုံး၍ စိုက်ပျိုးသူတို့အတွက် အသီးအနှံကို ဖြစ်ထွန်းစေလျှင် ထိုမြေကြီးသည် ဘုရားသခင်ထံမှ ကောင်းချီးကို ခံရ၏။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။