Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:23 - မြန်မာ

23 ကောင်း​သော​မြေ၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​သွင်း​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကောင်း သော မြေ တွင် ကြဲ ထား သော သူ မူ ကား တ ရား တော် ကို ကြား နာ၍ နား လည် သော ကြောင့် အ သီး သီး သ ဖြင့် အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက် သော သူ ဖြစ် သ တည်း ဟု ဖွင့် ပြ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ကောင်း​သော​မြေ၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​သွင်း​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ကောင်းသော​မြေ​၌ ကျသည့်​မျိုးစေ့​မှာ တရားစကား​ကို ကြား​၍ နားလည်​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်​နှင့် အဆ​တစ်ရာ တိုးပွား​၍ အသီး​သီးသော​သူ​ကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:23
43 ပူးပေါင်းရင်းမြစ်များ  

အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။-


အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။-


သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည်​ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင် ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ၏။


နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။


ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-


ကောင်း​သော​မြေ၌ ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍​ခံ​ယူ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း။


အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။


ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။


အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်၍ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု ကြွေး​ကြော်​တော်​မူ၏။


သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။


ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ