လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
မဿဲ 13:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။ Common Language Bible ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- Garrad Bible ဆူး ကြား တွင် ကြဲ ထား သော သူ မှာ လည်း တ ရား တော် ကို ကြား နာ၍ ယ ခု ဘ ဝ သော က နှင့် စည်း စိမ် လှည့် ဖျား ခြင်း များ သည် တ ရား တော် ကို ဖိ စီး သ ဖြင့် အ သီး မ သီး သော သူ ဖြစ်၏။ Judson Bible ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။ မြန်မာ ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- |
လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။
ပေါင်းပင်များကိုနုတ်၍ မီးရှို့သကဲ့သို့ ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ဖြစ်လိမ့်မည်။
တချို့မှာ ဆူးပင်ကြားတွင် ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြ၏။
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုကဲ့သို့ပင် မိမိအတွက် စည်းစိမ်ဥစ္စာများကို စုသိမ်းထားသော်လည်း ဘုရားသခင်ရှေ့တွင် ဆင်းရဲသောသူသည် ထိုသူဌေးနှင့်တူ၏” ဟု မိန့်တော်မူ၏။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသော်လည်း သူတို့၏စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် ကြီးထွားခြင်းကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူတို့ကို ဆိုလို၏။
တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လက်ခံရရှိကြောင်း ရှိမုန်မြင်သောအခါ သူသည် တမန်တော်တို့အား ငွေပေး၍
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။
သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။
ဒေမသည် ဤလောကကို ချစ်၍ ကျွန်ုပ်ကို စွန့်ခွာပြီး သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့ သွားပြီ။ တိတုသည် ဒါလမာတိပြည်သို့ သွားပြီ။