Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:10
32 ပူးပေါင်းရင်းမြစ်များ  

လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။


သို့သော် ဤ​အရာများ​ဖြစ်ပျက်ရခြင်း​မှာ ကျမ်းစာ​တွင် ဖော်ပြထားသည့် ပရောဖက်တို့​၏​ဟောပြောချက်​အတိုင်း ဖြစ်လာ​စေရန်​ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်​ရှိသမျှတို့​သည် ယေရှု​ကို စွန့်ခွာ​၍ ထွက်ပြေးကြ၏။


ထို​နည်းတူ မိမိ​ပိုင်ဆိုင်သော ဥစ္စာ​ပစ္စည်းများ​ကို မစွန့်လွတ်နိုင်သော​သူ​သည် ငါ့​တပည့်​မဖြစ်နိုင်။


မည်သည့်​ကျွန်​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​ကို တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ” ဟု မိန့်တော်မူ၏။


လောတ​၏​ဇနီး​ကို သတိရကြလော့။


ထို့နောက် ပေါလု​နှင့် အပေါင်းအပါတို့​သည် ပါဖုမြို့​မှ​ရွက်လွှင့်​၍ ပံဖုလိပြည်၊ ပေရဂေမြို့​သို့ ရောက်လာကြ၏။ သို့သော် ယောဟန်မာကု​သည် သူတို့​ထံမှ​ထွက်ခွာ​၍ ဂျေရုဆလင်မြို့​သို့ ပြန်လေ၏။


သို့သော် ပေါလု​က ပံဖုလိပြည်​တွင် သူတို့​ထံမှ လှည့်ပြန်သွား​ပြီး သာသနာလုပ်ငန်း​တွင် မလိုက်ပါသော​ထို​မာကု​ကို မခေါ်သင့်ကြောင်း မှတ်ယူ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​သည် သူတို့​အား အာရှပြည်​၌ နှုတ်ကပတ်​တရားတော်​ကို​ဟောပြော​ရန် တားမြစ်​သဖြင့် ဖြူဂိပြည်​နှင့် ဂလာတိပြည်​ကို ဖြတ်သွားကြ၏။


ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိမြို့​နှင့် အာပေါလောနိမြို့​ကို ဖြတ်သွား​၍ သက်သာလောနိတ်မြို့​သို့ ရောက်ကြ၏။ ထို​မြို့​တွင် ဂျူးဝတ်ပြုဆောင်​ရှိ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


သို့သော် ဗေရိမြို့​တွင် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ဟောနေကြောင်း​ကို သက်သာလောနိတ်မြို့​ရှိ ဂျူးလူမျိုးများ​သည် ကြား​သောအခါ ထို​မြို့​သို့ လိုက်လာ​၍ လူထု​ပရိသတ်တို့​ကို ဆူပူထကြွ​အောင် လှုံ့ဆော်ကြပြန်၏။


ထို​မြို့​တွင် အချိန်ကြာ​နေထိုင်ပြီး​မှ ထွက်ခွာ​၍ ဂလာတိပြည်၊ ဖြူဂိပြည်​တစ်လျှောက် လှည့်လည်​သွားလာ​လျက် ယုံကြည်သူများ​ကို အားပေး​ကာ ကြံ့ခိုင်စေ၏။


သို့သော်လည်း ကျွန်ုပ်​၏​ညီ တိတု ရောက်မလာသေး​သောကြောင့် ကျွန်ုပ်​သည် စိတ်မသက်မသာ​ဖြစ်ရ၏။ ထို့ကြောင့် ထို​သူတို့​ကို နှုတ်ဆက်ပြီး​လျှင် တိတု​ကို ရှာ​ရန် မာကေဒေါနိပြည်​သို့ ထွက်သွားရ၏။


သို့သော်လည်း အားငယ်သောသူတို့​ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်​သည် တိတု​ရောက်လာခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။


သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


တိတု​အကြောင်း​နှင့် ပတ်သက်၍ ပြောရ​လျှင် သူ​သည် သင်တို့​ကို ကူညီ​ရန် ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်​တစ်ဦး​ဖြစ်သည်​ဟု ဆိုရပေမည်။ သူ​နှင့်အတူ​ပါရှိသော အခြား​ညီအစ်ကိုများ​မှာ ခရစ်တော်​၏ ဘုန်းတော်​ဖြစ်သော အသင်းတော်တို့​၏ ကိုယ်စားလှယ်များ​ဖြစ်ကြ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


ဤ​စာ​သည် ကျွန်ုပ်​အပါအဝင် ကျွန်ုပ်​နှင့်အတူ​ရှိသော ညီအစ်ကို​မောင်နှမတို့​က ဂလာတိပြည်​၌ ရှိသော အသင်းတော်များ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


လူအပေါင်းတို့​သည် ယေရှု​ခရစ်တော်​၏ အကျိုး​ကို မရှာဘဲ ကိုယ်ကျိုး​ကိုသာ ရှာကြ၏။


ငွေ​ကို တပ်မက်ခြင်း​သည် မကောင်းမှု​အမျိုးမျိုး​၏ အရင်းအမြစ်​ဖြစ်၏။ လူတချို့​သည် ငွေ​ကို တပ်မက်​သောကြောင့် ယုံကြည်ခြင်း​တရား​ကို စွန့်​ကာ အလွန်​ဝမ်းနည်း​ပူဆွေးခြင်း​ကို နာကျင်​စွာ ခံစားကြရ၏။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


ဖုဂေလု​နှင့် ဟေရမောဂင်​တို့​အပါအဝင် အာရှပြည်​၌ နေထိုင်သော​လူအပေါင်း​သည် ကျွန်ုပ်​ကို စွန့်ခွာသွားကြောင်း သင်​သိ၏။


ကျွန်ုပ်​၏​အမှု​ကို ပထမဆုံး​အကြိမ် ချေပ​ပြောဆိုရာ​တွင် မည်သူမျှ ကျွန်ုပ်​ဘက်​၌ မကူညီဘဲ လူတိုင်း​ကျွန်ုပ်​ကို စွန့်ပစ်ခဲ့ကြ၏။ ဤ​အရာ​ကြောင့် သခင်ဘုရား​သည် ထို​သူတို့​ကို အပြစ်​တင်တော်မမူပါစေနှင့်။


ကျွန်ုပ်​နှင့် ယုံကြည်ချက်​တူညီ​၍ ကျွန်ုပ်​၏ သား အရင်းအချာ​ကဲ့သို့ ဖြစ်သော တိတု​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်​၏​လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာ​တို့​သည်လည်း သင့်​ကို နှုတ်ဆက်လိုက်ပါ၏။


သူတို့​သည် လမ်းဖြောင့်​မှ သွေဖယ်​၍ မတရားမှု​မှ ရရှိသော​အခကြေးငွေ​ကို နှစ်သက်သည့် ဗော်သော်​၏​သား ဗာလမ်​၏ လမ်းစဉ်​ကို လိုက်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ