ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ဗျာဒိတ် 11:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အကျွန်ုပ်တို့ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မဟာတန်ခိုးကို ခံယူ၍ အုပ်စိုးတော်မူသောကြောင့်ဖြစ်၏။ Common Language Bible ``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ Garrad Bible ပ စ္စု ပ္ပန်၊ အ တိတ် တည် တော် မူ သော၊ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ မ ဟာ တန် ခိုး တော် ကို သိမ်း ယူ၍ စိုး စံ တော် မူ ပြီ ဖြစ် သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။ Judson Bible အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။- မြန်မာ့စံမီသမ္မာကျမ်း “အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ယခုရှိလျက် ယခင်ကလည်းရှိသည့် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကိုယူဆောင်လျက် စိုးစံတော်မူသောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။
သူတို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ရာနေ့ရက်ကြီးတွင် ဆင်နွှဲမည့်စစ်ပွဲအတွက် ကမ္ဘာတစ်ဝန်းလုံးရှိ ရှင်ဘုရင်များကို စုဝေးရန် ထွက်ခွာသွားကြ၏။
ထို့နောက် ရေကို အုပ်စိုးသောကောင်းကင်တမန်က “အို သန့်ရှင်းတော်မူသောအရှင်… ကိုယ်တော်သည် ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူပြီး ကိုယ်တော်၏ တရားစီရင်ခြင်းသည် တရားမျှတပါ၏။
ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။
သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။
ထိုအခါ ကောင်းကင်ဘုံသည် ပွင့်လျက်ရှိသည်ကို ကျွန်ုပ်မြင်၏။ ထိုနေရာ၌ မြင်းဖြူတစ်ကောင်ရှိ၏။ ထိုမြင်းဖြူကို စီးတော်မူသောသူသည် သစ္စာရှိသူနှင့် ဖြောင့်မှန်သူဟု အမည်ရ၏။ သူသည် ဖြောင့်မှန်စွာ တရားစီရင်၍ ဖြောင့်မှန်စွာ စစ်တိုက်တော်မူ၏။
ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။