သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံကြသောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏အမည်များစာရင်းဝင်သည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
ဖိလိပ္ပိ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ စစ်မှန်သောလုပ်ဖော်ကိုင်ဖက်… ဤအမျိုးသမီးနှစ်ဦး သင့်မြတ်ရန် ကူညီပါလော့ ဟု သင့်ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့သည် အသက်စာစောင်တွင် အမည်ပါရှိသော ကလေမင်မှစ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တကွ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။ Common Language Bible ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။ Garrad Bible ငါ နှင့် ဦး ပဲ့ ထမ်း စစ် ဖြစ် သူ သင့် အား ထို မိန်း မ များ ကို ကူ ညီ ရန် ငါ တောင်း ပန် ပါ၏။ သူ တို့ သည် ငါ နှင့် က လေ မင် မှ စ၍ အ သက် စ ရင်း တွင် အ မည် ပါ သော အ ခြား လုပ် ဘော် ဆောင် ဘက် တို့ နှင့် အ တူ သ တင်း တော် မြတ် ကြား ပြော မှု၌ လုံ့ လ ထုတ် ကြ၏။ Judson Bible အချင်း ငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။ မြန်မာ့စံမီသမ္မာကျမ်း အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။ |
သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံကြသောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏အမည်များစာရင်းဝင်သည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဥရဗန်နှင့် ကျွန်ုပ်ချစ်သောမိတ်ဆွေ သတာခုကို နှုတ်ဆက်ပေးကြလော့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့သည် သတင်းကောင်းကို ပို၍ ပျံ့နှံ့စေကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
စေတနာစိတ်ဖြင့် ဟောပြောသောသူတို့က ဘုရားသခင်သည် ကျွန်ုပ်ကို သတင်းကောင်းအတွက် ချေပပြောဆိုရန် ခန့်ထားတော်မူကြောင်းကို သိ၍ ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်၏ သတင်းကောင်းကို လက်ခံယုံကြည်သည့်နေ့မှစ၍ ယခုအချိန်တိုင်အောင် ထိုသတင်းကောင်းကို ပျံ့နှံ့စေရာတွင် ကျွန်ုပ်နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ဧဝေါဒိနှင့် သုန္တုတ်တို့… သင်တို့သည် သခင်ဘုရား၏ တပည့်တော်မများ ဖြစ်သောကြောင့် တစ်စိတ်တစ်ဝမ်းတည်းရှိကြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
မည်သည့်ညစ်ညမ်းသောအရာမျှ ထိုမြို့ထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာဖွယ်အမှုကို ပြုသူနှင့် လိမ်လည်သူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏ အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာလျှင် ဝင်ကြရလိမ့်မည်။
အောင်မြင်သောသူသည် ထိုသူတို့ကဲ့သို့ပင် ဖြူသောအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ငါသည် သူ၏နာမည်ကို အသက်စာစောင်မှ မည်သည့်အခါမျှ ပယ်ဖျက်မည်မဟုတ်။ သူသည် ငါ့တပည့်ဖြစ်ကြောင်းကို ငါ့ခမည်းတော်နှင့် ခမည်းတော်၏ကောင်းကင်တမန်များရှေ့၌ ငါအသိအမှတ်ပြုမည်။