ဗျာဒိတ် 20:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို ပ လ္လင် တော့် ရှေ့ တွင် သူ သေ အ ယုတ် အ မြတ် တို့ ရပ် နေ ကြ ရ။ မှတ် ပုံ စာ ရင်း များ ကို ဖွင့် ထား သည့် ပြင် အ သက် ဆိုင် ရာ အ ခြား စာ ရင်း ကို လည်း ဖွင့် ထား ပြီး လျှင် သူ သေ တို့ သည် စာ ရင်း မှတ် ပုံ ပါ အ ကျင့် အ ကြံ များ အ လျောက် စီ ရင် ဆုံး ဖြတ် ခံ ရ ကြ သည် ကို ငါ မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။