Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 1:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 စေတနာစိတ်​ဖြင့် ဟောပြောသော​သူတို့​က ဘုရားသခင်​သည် ကျွန်ုပ်​ကို သတင်းကောင်း​အတွက် ချေပ​ပြောဆို​ရန် ခန့်ထားတော်မူကြောင်း​ကို သိ​၍ ချစ်ခြင်းမေတ္တာ​ဖြင့် ဟောပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဤ သူ တို့ ကား ငါ သည် သ တင်း တော် မြတ် ကို ထောက် ခံ ရန် ခန့် ထား တော် မူ သူ ဖြစ် ကြောင်း သိ၍ မေ တ္တာ အ လျောက် ခ ရစ် တော့် အ ကြောင်း ကို ကြော် ငြာ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 1:16
13 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ဤသည်​မှာ သင်တို့​သည် အကောင်းဆုံး​ဖြစ်သော​အရာ​ကို ပိုင်းခြားသိမြင်​နိုင်​၍ ခရစ်တော် ပြန်ကြွလာမည့်​နေ့​တိုင်အောင် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိ​စေရန် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့​သည် သတင်းကောင်း​ကို ပို​၍ ပျံ့နှံ့စေ​ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခရစ်တော်​၏ သတင်းကောင်း​ကို လက်ခံယုံကြည်သည့်​နေ့​မှစ၍ ယခု​အချိန်​တိုင်အောင် ထို​သတင်းကောင်း​ကို ပျံ့နှံ့စေ​ရာတွင် ကျွန်ုပ်​နှင့်အတူ ပါဝင်​ဆောင်ရွက်ခဲ့​သောကြောင့် ဖြစ်၏။


သင်တို့​အားလုံး​သည် ကျွန်ုပ်​၏ နှလုံးသား​ထဲ၌ ရှိသောသူများ ဖြစ်​သောကြောင့် သင်တို့​နှင့် ပတ်သက်၍ အထက်ပါ​အတိုင်း ကျွန်ုပ်​သဘောထား​လျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​အားလုံး​သည် ကျွန်ုပ် အကျဉ်းချ​ခံရချိန်​၌​ဖြစ်စေ၊ သတင်းကောင်း​အတွက် ချေပ​ပြောဆို​၍ မှန်ကန်ကြောင်း အတည်ပြု​ချိန်​၌ ဖြစ်စေ ကျွန်ုပ်​နှင့်အတူ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မျှဝေခံစားကြ​သောကြောင့် ဖြစ်၏။


သို့သော် တိမောသေ​ကမူ သတင်းကောင်း​ကို ဟောပြောရာ​တွင် ကျွန်ုပ်​နှင့်အတူ သားအဖ​ကဲ့သို့ သစ္စာရှိ​စွာ အစေခံ​ပြီး ခရစ်တော်​၏ အကျိုး​ကိုသာ ရှာကြောင်း သက်သေ​ပြခဲ့သည်​ကို သင်တို့​သိကြ၏။


ထို့ပြင် ဖိလိပ္ပိ​မြို့သူမြို့သားတို့… သတင်းကောင်း​ကို သင်တို့ စတင်​ကြားသိ​ချိန်၊ မာကေဒေါနိပြည်​မှ ကျွန်ုပ်​ထွက်လာသော​အချိန်​၌ သင်တို့​သာလျှင် ငွေကြေး​လှူဒါန်းခြင်း​ဖြင့် ပါဝင်​ကူညီခဲ့ကြ၏။ အခြား​မည်သည့် အသင်းတော်​က​မျှ မလှူဒါန်းခဲ့ကြောင်း သင်တို့​သိကြ၏။


ကျွန်ုပ်​၏ စစ်မှန်သော​လုပ်ဖော်ကိုင်ဖက်… ဤ​အမျိုးသမီး​နှစ်ဦး သင့်မြတ်​ရန် ကူညီပါလော့ ဟု သင့်​ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့​သည် အသက်​စာစောင်​တွင် အမည်​ပါရှိသော ကလေမင်​မှစ၍ အခြား​လုပ်ဖော်ကိုင်ဖက်များ​နှင့်တကွ သတင်းကောင်း​ကို ဟောပြော​ရာတွင် ကျွန်ုပ်​နှင့်အတူ လက်တွဲ​ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ