ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
တိတု 3:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်ဝမ်းကွဲစေတတ်သောသူကို နှစ်ကြိမ်ထိတိုင် သတိပေးပြီးနောက် မနာခံလျှင် ထိုသူနှင့် အဆက်အသွယ်ဖြတ်လော့။ Common Language Bible စိတ်ဝမ်းကွဲပြားမှုများကိုဖြစ်စေသောသူအား အနည်းဆုံးနှစ်ကြိမ်သတိပေးပြီးနောက်သူ နှင့်ထပ်မံ၍မည်သို့မျှမဆက်ဆံနှင့်။- Garrad Bible ဂိုဏ်း ခွဲ လို သူ တို့ ကို နှစ် ကြိမ် မြောက် ဆုံး မ ပြီး လျှင်၊ Judson Bible သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။- မြန်မာ့စံမီသမ္မာကျမ်း ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။ |
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။
သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်မိမိ သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
တစ်စုံတစ်ယောက်သည် သင်တို့ထံသို့ လာ၍ ဤသွန်သင်ချက်ကို မဝေမျှလျှင် ထိုသူကို သင်တို့အိမ်သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်းလည်း မဆက်ကြနှင့်။