ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။
တမန်တော်ဝတ္ထု 5:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း နေ့စဉ်မရပ်မနား ဟောပြောသွန်သင်ကြ၏။ Common Language Bible နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။ Garrad Bible လွှတ် တော် မှ ထွက် သွား ပြီး လျှင် ဗိ မာန် တော် ၌ လည်း ကောင်း၊ ကိုယ့် အိမ်၌ လည်း ကောင်း၊ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း နေ့ စဉ် မ ပြတ် သွန် သင် ဟော ပြော လျက် နေ ကြ၏။ Judson Bible ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။ |
ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။
ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
သို့သော် ထိုသူတို့အထဲတွင် ဆိုက်ပရပ်ကျွန်းနှင့် ကုရေနေမြို့သားတချို့ပါရှိ၍ အန္တိအုတ်မြို့သို့သွားကြပြီးလျှင် ဂရိစကားပြောသောလူတို့အား သခင်ယေရှုအကြောင်းကို ဟောပြောကြလေ၏။
ကျွန်ုပ်တို့သည် ဘိုးဘေးများအား ဘုရားသခင်ကတိပြုသော ထိုသတင်းကောင်းကို သင်တို့ထံ ယူဆောင်လာကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
ဤသို့ဖြင့် လူထုပရိသတ်ရှေ့တွင်ဖြစ်စေ၊ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြစ်စေ၊ သွန်သင်ရာတွင် ကျွန်ုပ်သည် သင်တို့အတွက် အကျိုးရှိသောအရာကို ဟောပြောရန် မတွန့်ဆုတ်။
ကျွန်ုပ်တို့သည် မြင်တွေ့၍ ကြားခဲ့ပြီးသောအရာတို့ကို မဟောပြောဘဲမနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။
အို ထာဝရဘုရား… ယခုတွင် သူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ရဲစွမ်းသတ္တိနှင့် ဟောပြောရန် ကိုယ်တော်၏အစေအပါးတို့အား အခွင့်ပေးတော်မူပါ။
ဖိလိပ္ပုသည် ရှမာရိပြည်၏မြို့တော်သို့ ဆင်းသွား၍ ခရစ်တော်အကြောင်းကို သူတို့အား ဟောပြောလေ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။