မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
တမန်တော်ဝတ္ထု 21:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။ Common Language Bible ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။- Garrad Bible တ ပည့် တော် တို့ ကို ရှာ တွေ့၍ ခု နစ် ရက် နေ ကြ၏။ ထို တ ပည့် တော် တို့ က ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ မ သွား စေ ရန် ဝိ ညာဉ် တော် အား ဖြင့် ကန့် ကွက် ကြ သော် လည်း၊ Judson Bible တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။ |
မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
ရှောလုကို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ဆောင်လာ၏။ ထိုမြို့၌ တစ်နှစ်ပတ်လုံး အသင်းတော်နှင့်တွေ့ဆုံစည်းဝေး၍ လူများစွာကို သွန်သင်ပေးလေ၏။ တပည့်တော်များသည် ခရစ်ယာန်ဟု အန္တိအုတ်မြို့တွင် ပထမဦးဆုံးခေါ်ဝေါ်ခြင်း ခံကြရ၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ဆီဇာရီးယားမြို့မှ တပည့်တော်တချို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာကြပြီး သူတို့က တပည့်တော်ဟောင်းတစ်ဦးဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ တည်းခိုရန် ခေါ်သွားကြ၏။
ထိုမြို့တွင် ယုံကြည်သူတို့ကိုတွေ့သော် သူတို့က ခုနစ်ရက်ခန့် နေရန် တောင်းပန်သည့်အတိုင်း နေပြီးနောက် ကျွန်ုပ်တို့သည် ရောမမြို့သို့သွားကြ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
သူသည် ရောမမြို့သို့ ရောက်နေစဉ် ကျွန်ုပ်ကို မတွေ့မချင်း အလွန်ကြိုးစားရှာ၍ တွေ့ဆုံခဲ့၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။