Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 21:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​တို့​သည် တပည့်​တော်​တို့​ကို​တွေ့​၍ ထို​အရပ်​၌ ခုနစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် ဝိညာဉ်​တော်​အားဖြင့် ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 တ ပည့် တော် တို့ ကို ရှာ တွေ့၍ ခု နစ် ရက် နေ ကြ၏။ ထို တ ပည့် တော် တို့ က ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ မ သွား စေ ရန် ဝိ ညာဉ် တော် အား ဖြင့် ကန့် ကွက် ကြ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို​နေရာ​တွင် ကျွန်ုပ်တို့​သည် တပည့်တော်​တချို့​ကို ရှာတွေ့​သဖြင့် သူတို့​နှင့်အတူ ခုနစ်ရက်​နေကြ၏။ သူတို့​က သန့်ရှင်းသော​ဝိညာဉ်တော်​ဖွင့်ပြခြင်း​အားဖြင့် ပေါလု​ကို ဂျေရုဆလင်မြို့​သို့ မသွား​ရန်​ပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 21:4
11 ပူးပေါင်းရင်းမြစ်များ  

မည်သည့်​မြို့​ရွာ​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​မြို့ရွာ​၌ မည်သူ​သည် ထိုက်တန်​သော​သူ​ဖြစ်​သည်​ကို ရှာဖွေ​စုံစမ်း​ပြီး ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​သူ​၏​အိမ်​၌ တည်းခို​ကြ​လော့။


သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။


အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့်


ဆီဇာရီးယား​မြို့​မှ တပည့်​တော်​အချို့​တို့​သည်​လည်း ငါ​တို့​နှင့်အတူ​လိုက်ပါ​၍ ငါ​တို့​တည်းခို​ရန်​စီစဉ်​ထား​သည့် ကနဦး​တပည့်​တော်​ဖြစ်​သော ဆိုက်ပရပ်​ကျွန်းသား မနာသုန်​ထံသို့ ခေါ်သွား​ကြ​၏။


ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။


သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်”​ဟု မိန့်​တော်မူ​၏။


ရောမ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုးစားပမ်းစား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။


သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ