တမန်တော်ဝတ္ထု 21:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ဆိုက်ပရပ်ကျွန်းကို မြင်ရသောအခါ တောင်ဘက်မှ ဖြတ်ကျော်၍ ဆီးရီးယားပြည်သို့ သင်္ဘောဖြင့်ရွက်လွှင့်ပြန်၏။ သင်္ဘောပေါ်မှ ကုန်ပစ္စည်းကိုချရန် တိုင်ရာမြို့၌ ကမ်းကပ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ကု ပ ရု ကျွန်း ကို မြင် ရ သော် လ ကျ်ာ ဘက် က တိုက် သွား ပြီး လျှင် ရှု ရိ ပြည် သို့ လွှင့် လျက် ကုန် ချ ရ မည့် တု ရု မြို့ တွင် ဆိုက် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible3 ကုပရုကျွန်းကိုမြင်လျှင် လက်ယာဘက်၌ လျှောက်သွားသဖြင့်၊ ရှုရိပြည်သို့ကူး၍ တုရုမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဆိုက်ပရပ်ကျွန်းကိုမြင်ကြသောအခါ ထိုကျွန်းကို လက်ဝဲဘက်မှဖြတ်ကျော်လျက် ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသောကြောင့် ထိုမြို့တွင်ဆိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေရုဒ်မင်းသည် တိုင်ရာမြို့သားများနှင့်ဆီဒုန်မြို့သားများကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထိုသူတို့သည် ညီညွတ်စွာ လာရောက်ခစား၍ ဗလတ္တုအမည်ရှိသော မင်းကြီး၏အတွင်းဝန်ကို စည်းရုံးကာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ပြည်သည် အစာရေစာအတွက် ဟေရုဒ်မင်း၏တိုင်းပြည်ကို အမှီပြုနေရသောကြောင့်ဖြစ်၏။
အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
ယေရှုက “အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏ အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။