ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
တမန်တော်ဝတ္ထု 20:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိလက်မြို့သို့ ရောက်သောအခါ ပေါလုသည် လူလွှတ်၍ ဧဖက်မြို့ရှိ အသင်းတော်အကြီးအကဲများကို မိမိထံလာရောက်တွေ့ဆုံရန် ဖိတ်ခေါ်လေ၏။ Common Language Bible သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။- Garrad Bible ထို အ ခါ ပေါ လု သည် မိ လက် မြို့ မှ ဧ ဖက် မြို့ သို့ လူ လွှတ်၍ အ သင်း တော် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် သည့် အ တိုင်း ရောက် လာ ကြ သော် ပြော ဆို သည် မှာ၊ Judson Bible မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပေါလုသည် မိလက်မြို့မှ ဧဖက်မြို့သို့ လူလွှတ်၍ အသင်းတော်အကြီးအကဲများကိုခေါ်လေ၏။ |
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထိုသူတို့နှင့်အတူ ပေးလိုက်သောစာတွင် သင်တို့၏ညီအစ်ကိုများဖြစ်သည့် တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားယုံကြည်သူများအား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအမှုကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ရန် စည်းဝေးကြ၏။
ထို့နောက် သူတို့သည် မြို့များကို ဖြတ်သွားကြစဉ် ဂျေရုဆလင်မြို့ရှိ အသင်းတော်အကြီးအကဲများနှင့် တမန်တော်တို့မှ ဆုံးဖြတ်ထားသောပညတ်တို့ကို ယုံကြည်သူများ လိုက်နာရန် ညွှန်ကြားကြ၏။
ဧဖက်မြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်သို့ သွား၍ ဂျူးတို့နှင့် တရားဆွေးနွေးလေ၏။
ထိုမြို့မှ ရွက်လွှင့်၍ နောက်တစ်နေ့တွင် ခိအုကျွန်းသို့ ရောက်ကြ၏။ ထိုမှ တစ်ရက်လွန်ပြီးနောက် သာမုကျွန်းသို့ ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ ရောက်ကြပြန်၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။
သင်တို့တွင် အလွန်နာမကျန်းဖြစ်သောသူ ရှိလျှင် အသင်းတော်အကြီးအကဲများကို ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ လူနာအား ဆီလိမ်းကာ ဆုတောင်းပေးကြစေ။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။