Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို အ ခါ ပေါ လု သည် မိ လက် မြို့ မှ ဧ ဖက် မြို့ သို့ လူ လွှတ်၍ အ သင်း တော် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် သည့် အ တိုင်း ရောက် လာ ကြ သော် ပြော ဆို သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 မိလက်မြို့​သို့ ရောက်​သောအခါ ပေါလု​သည် လူလွှတ်​၍ ဧဖက်မြို့​ရှိ အသင်းတော်​အကြီးအကဲများ​ကို မိမိ​ထံ​လာရောက်​တွေ့ဆုံ​ရန် ဖိတ်ခေါ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:17
15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။


အသင်းတော်​တိုင်း​တွင်​လည်း သူ​တို့​အတွက် အသင်းတော်​အကြီးအကဲ​များ​ကို​ခန့်ထား​၍ အစာရှောင်​လျက် ဆုတောင်း​ကြ​ကာ သူ​တို့​ယုံကြည်​သော​သခင်​ဘုရား​ထံသို့ သူ​တို့​ကို​အပ်နှံ​ကြ​၏။


ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။


ထိုအခါ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် ဤ​အကြောင်းအရာ​ကို ကြည့်ရှု​သုံးသပ်​ရန် စုဝေး​ကြ​၏။


ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။


သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။


ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ကြ​ပြီး နောက်တစ်နေ့​တွင် ခိအု​ကျွန်း​၏​တစ်ဖက်​သို့ ရောက်​ကြ​၏။ ထိုမှ တစ်​နေ့​ကြာ​သော် သာမု​ကျွန်း​သို့​ဝင်​၍ နောက်တစ်နေ့​တွင် မိလက်​မြို့​သို့​ရောက်​ကြ​၏။


သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။


ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သော​အသင်းတော်​အကြီးအကဲ​များ အထူးသဖြင့် နှုတ်ကပတ်တော်​ဝေငှ​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​အတွက် အားထုတ်​လုပ်ဆောင်​နေ​သော​အကြီးအကဲ​များ​သည် နှစ်ဆ​သော​ဂုဏ်ပြု​ခြင်း​ကို ခံထိုက်​သည်​ဟု မှတ်ယူ​လော့။


ကရေတေ​ကျွန်း​တွင် သင့်​ကို ငါ​ထားခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာကြား​ထား​သည့်​အတိုင်း လိုအပ်​သည့်​အရာ​များ​ကို စီမံ​ဆောင်ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အသင်းတော်​အကြီးအကဲ​များ​ကို ခန့်ထား​ရန်​အတွက်​ဖြစ်​၏။


သင်​တို့​တွင် နာမကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အသင်းတော်​အကြီးအကဲ​များ​ကို​ဖိတ်ခေါ်​စေ။ သူ​တို့​သည်​လည်း သခင်​ဘုရား​၏​နာမ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အတွက်​ဆုတောင်း​ပေး​ကြ​စေ။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌​ငါ​ချစ်​သည့် ရွေးကောက်​ခံရ​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​နှင့် သူ​၏​သားသမီး​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ သင်​တို့​ကို ငါ​တစ်ဦးတည်း​သာ ချစ်​သည်​မ​ဟုတ်။ သမ္မာတရား​ကို​သိ​သော​သူ​အပေါင်း​တို့​သည်​လည်း သင်​တို့​ကို​ချစ်​ကြ​၏။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ