ရှောလုကို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ဆောင်လာ၏။ ထိုမြို့၌ တစ်နှစ်ပတ်လုံး အသင်းတော်နှင့်တွေ့ဆုံစည်းဝေး၍ လူများစွာကို သွန်သင်ပေးလေ၏။ တပည့်တော်များသည် ခရစ်ယာန်ဟု အန္တိအုတ်မြို့တွင် ပထမဦးဆုံးခေါ်ဝေါ်ခြင်း ခံကြရ၏။
တမန်တော်ဝတ္ထု 20:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။ Common Language Bible ဆူပူလှုပ်ရှားမှုရပ်စဲသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍အား ပေးစကားပြောကြား၏။ ထိုနောက်သူတို့ ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည် သို့ထွက်ခွာသွားလေသည်။- Garrad Bible ထို သို့ ရုန်း ရင်း ခတ် ဖြစ် ခြင်း ရပ် စဲ သည့် နောက် ပေါ လု သည် တ ပည့် တော် တို့ ကို ခေါ် စေ၍ နှိုး ဆော် နှုတ် ဆက် ပြီး လျှင် မာ ကေ ဒေါ နိ ပြည် သို့ ထွက် သွား လေ၏။ Judson Bible ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။ |
ရှောလုကို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ဆောင်လာ၏။ ထိုမြို့၌ တစ်နှစ်ပတ်လုံး အသင်းတော်နှင့်တွေ့ဆုံစည်းဝေး၍ လူများစွာကို သွန်သင်ပေးလေ၏။ တပည့်တော်များသည် ခရစ်ယာန်ဟု အန္တိအုတ်မြို့တွင် ပထမဦးဆုံးခေါ်ဝေါ်ခြင်း ခံကြရ၏။
ထိုမှတစ်ဆင့် ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ ထိုမြို့သည် မာကေဒေါနိပြည်၏အရေးပါသောမြို့တစ်မြို့ဖြစ်၍ ရောမလက်အောက်ခံမြို့လည်းဖြစ်၏။ ကျွန်ုပ်တို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြ၏။
ပေါလုသည် ညအခါ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့လာ၍ ကျွန်ုပ်တို့ကို ကူညီပါ” ဟု တောင်းပန်ပြောဆိုနေ၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
ထိုအခါ ပေါလုသည် အောက်သို့ဆင်း၍ သူ၏ကိုယ်ပေါ်၌ကိုင်းညွတ်လျက် လက်နှင့်ချီမကာ “မစိုးရိမ်ကြနှင့်။ ဤလူငယ် အသက်ရှိသေး၏” ဟု ပြော၏။
ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။
ထိုမြို့တွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန် ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်နေကြကြောင်းကို ပေါလုကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
အချင်းချင်း တစ်ဦးကို တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဤအရပ်ရှိ ညီအစ်ကိုမောင်နှမများကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ အချင်းချင်း တစ်ဦးကိုတစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။
ကျွန်ုပ်သည် မာကေဒေါနိပြည်ကို ဖြတ်သွားရန် စီစဉ်ထားသောကြောင့် ထိုပြည်ကို ဖြတ်ပြီးမှ သင်တို့ထံ လာခဲ့မည်။
မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်