ထိုမှတစ်ဆင့် ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ ထိုမြို့သည် မာကေဒေါနိပြည်၏အရေးပါသောမြို့တစ်မြို့ဖြစ်၍ ရောမလက်အောက်ခံမြို့လည်းဖြစ်၏။ ကျွန်ုပ်တို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြ၏။
တမန်တော်ဝတ္ထု 19:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။ Common Language Bible ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။- Garrad Bible ထို အ ခြင်း အ ရာ များ ဖြစ် ပြီး နောက် ပေါ လု က ငါ သည် မာ ကေ ဒေါ နိ ပြည် နှင့် အ ခါ ယ ပြည် များ ကို လျှောက် လျက် ယေ ရု ရှ လင် မြို့ ရောက် သွား မည် ဟု အ ကြံ ပြု သည့် ပြင် ရောက် ပြီး မှ ရော မ မြို့ သို့ လည်း အ ကြည့် အ ရှု သွား မည် ဟု အောက် မေ့ သည့် အ တိုင်း၊ Judson Bible ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။ |
ထိုမှတစ်ဆင့် ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ ထိုမြို့သည် မာကေဒေါနိပြည်၏အရေးပါသောမြို့တစ်မြို့ဖြစ်၍ ရောမလက်အောက်ခံမြို့လည်းဖြစ်၏။ ကျွန်ုပ်တို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြ၏။
သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလုသည် အာရှပြည်တွင် အချိန်မကုန်ဆုံးစေလိုသဖြင့် ဧဖက်မြို့ကိုဖြတ်၍ ရွက်လွှင့်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက ပင်တေကုတ္တေပွဲနေ့အမှီ ဂျေရုဆလင်မြို့သို့ရောက်ရှိရန် သူသည် စိတ်ပြင်းပြလျက်နေ၏။
ယခု ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်နိုးဆော်တော်မူသည့်အတိုင်း ဂျေရုဆလင်မြို့သို့ သွားမည်။ ထိုမြို့၌ မည်သို့ဖြစ်ပျက်မည်ကို ကျွန်ုပ်မသိ။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ ယုံကြည်သူများက ကျွန်ုပ်တို့အား လှိုက်လှဲစွာ ဧည့်ခံကြိုဆိုကြ၏။
ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။
‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။
ရောမမြို့သို့ ကျွန်ုပ်တို့ရောက်သောအခါ ပေါလုသည် အကျယ်ချုပ်ဖြင့် သီးသန့်နေခွင့်ရပြီး သူ့အား စောင့်ကြပ်သည့်စစ်သားတစ်ဦးသည်လည်း သူနှင့်အတူ ရှိ၏။
ကျွန်ုပ်သည် သင်တို့ကိုအလွန်တွေ့မြင်လိုသည်မှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်တို့အား ဝေမျှပေး၍ သင်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေရန်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
ထို့ကြောင့် ရောမမြို့၌ရှိသော သင်တို့ထံသို့လည်း လာ၍ သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်စိတ်အားထက်သန်လျက်ရှိ၏။
ကျွန်ုပ်သည် မာကေဒေါနိပြည်ကို ဖြတ်သွားရန် စီစဉ်ထားသောကြောင့် ထိုပြည်ကို ဖြတ်ပြီးမှ သင်တို့ထံ လာခဲ့မည်။
သို့သော် သခင်ဘုရား အလိုတော်ရှိလျှင် မကြာမီ ကျွန်ုပ်လာခဲ့ပါမည်။ ထိုအခါ ထိုမာနထောင်လွှားသောသူတို့၏စကားထက် သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်ရှိမရှိကိုသာ ကျွန်ုပ်သိမှတ်မည်။
သို့ပြုလျှင် ကျွန်ုပ်တို့သည် သင်တို့၏အရပ်ဒေသကို ကျော်လွန်၍ အခြားအရပ်ဒေသများ၌ သတင်းကောင်းကို ဟောပြောနိုင်မည်ဖြစ်၏။ ကျွန်ုပ်တို့သည် အခြားသူတို့၏ နယ်ပယ်အတွင်း၌ ထိုသူတို့ဆောင်ရွက်ခဲ့ပြီးသော အရာများအပေါ် မကြွားဝါလိုပေ။
ထို့နောက် ဆယ့်လေးနှစ်ကြာသော် ကျွန်ုပ်သည် ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွား၏။ တိတုကိုလည်း ခေါ်သွား၏။
သို့ဖြစ်၍ သင်တို့သည် မာကေဒေါနိပြည်၌သာမက အခါယပြည်တွင် ရှိကြသော ယုံကြည်သူအားလုံးအတွက် စံနမူနာဖြစ်ကြ၏။