တမန်တော်ဝတ္ထု 17:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း
သို့သော် ဗေရိမြို့တွင် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ဟောနေကြောင်းကို သက်သာလောနိတ်မြို့ရှိ ဂျူးလူမျိုးများသည် ကြားသောအခါ ထိုမြို့သို့ လိုက်လာ၍ လူထုပရိသတ်တို့ကို ဆူပူထကြွအောင် လှုံ့ဆော်ကြပြန်၏။
အခန်းကိုကြည့်ပါ။
ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
အခန်းကိုကြည့်ပါ။
သို့ ရာ တွင် သက် သာ လော နိတ် မြို့ နေ ယု ဒ လူ မျိုး တို့ သည် ဗေ ရိ မြို့ တွင် လည်း ဘု ရား သ ခင့် တ ရား တော် ကို ပေါ လု ကြော် ငြာ ကြောင်း ကြား သိ သော် ထို မြို့ သို့ လာ၍ လူ ပ ရိ သတ် ကို တုန် လှုပ် ထ ကြွ စေ ကြ သည့် ကာ လ၊
အခန်းကိုကြည့်ပါ။
ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူတို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော်ကြ၏။-
အခန်းကိုကြည့်ပါ။
သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
အခန်းကိုကြည့်ပါ။