ကိုယ်တော်သည် သူတို့၏ မယုံကြည်နိုင်ခြင်းအပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှုသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လှည့်လည်၍ ဟောပြောသွန်သင်တော်မူ၏။
ဂလာတိ 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားစေရန် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်အား သင်တို့သည် လျင်မြန်စွာ စွန့်ပယ်၍ အခြားသတင်းကောင်းကို လက်ခံကြသောကြောင့် ကျွန်ုပ်အံ့ဩရ၏။ Common Language Bible ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။- Garrad Bible ခ ရစ် တော်၏ ကျေး ဇူး တော်၌ သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင့် ထံ မှ အ ခြား သ တင်း ဘက် သို့ ဤ မျှ လောက် လျင် မြန် စွာ ပြောင်း လျက် နေ ကြ သည် ကို ငါ အံ့ သြ ၏။ Judson Bible ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။ |
ကိုယ်တော်သည် သူတို့၏ မယုံကြည်နိုင်ခြင်းအပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှုသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လှည့်လည်၍ ဟောပြောသွန်သင်တော်မူ၏။
ထိုသူက “သူသည် ကျွန်ုပ်ကို မျက်စိမြင်စေခဲ့သော်လည်း သင်တို့က ထိုသူအဘယ်ကလာသည်ကို မသိသည်မှာ အံ့ဖွယ်ကောင်းလှ၏။
ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းမှာ လူတို့ဖန်တီးထားသောသတင်းကောင်း မဟုတ်ကြောင်း သင်တို့အား သိစေလို၏။
သို့သော် မိခင်ဗိုက်ထဲ၌ ရှိစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးတော်အားဖြင့် ရွေးချယ်တော်မူ၍ အစေခံရန် ခေါ်တော်မူ၏။
အမှန်တွင်မူ အခြားသတင်းကောင်းဟူ၍ မရှိပါ။ အချို့က သင်တို့ကို စိတ်ရှုပ်ထွေးစေ၍ ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းသာ ဖြစ်၏။
သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
သို့သော် စစ်မှန်သောသတင်းကောင်းသည် သင်တို့ထံ၌ ဆက်၍ တည်နိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သောသတင်းကောင်းကို သင်တို့အတွက် ဆက်၍ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။
သို့သော် သူတို့သဘောပေါက်ကြသည်မှာ ပေတရုသည် ဂျူးလူမျိုးတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရသကဲ့သို့ ကျွန်ုပ်သည် လူမျိုးခြားတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရကြောင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာလျှင် ပညတ်တရားအားလုံးကို လိုက်နာရာရောက်သောကြောင့် ဖြစ်၏။
ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံလိုသော သင်တို့သည် ခရစ်တော်နှင့် အဆက်ပြတ်၍ ဘုရားသခင်၏ ကျေးဇူးတော်လက်အောက်တွင် မရှိကြတော့ပေ။
ထိုသို့ ကယ်တင်ခံရရန် ဘုရားသခင်သည် ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းဖြင့် သင်တို့ကို ခေါ်တော်မူ၏။ ဤသို့ခေါ်ခြင်းသည် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ဘုန်းအသရေကို သင်တို့ခံစားရရှိနိုင်ရန် ဖြစ်၏။
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
သင်တို့ကို ခေါ်တော်မူသောအရှင်သည် သန့်ရှင်းတော်မူသည်နည်းတူ သင်တို့သည်လည်း အရာရာကို ကျင့်ကြံပြုမူရာ၌ သန့်ရှင်းကြလော့။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။
သခင်ယေရှု၏ ကျေးဇူးတော်သည် ယုံကြည်သူများအပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။