Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​သို့​အ​လို​ငှာ ငါ​တို့​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဘုန်း​ကို ပိုင်​ရ​မည် အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဤ​ရည်ရွယ်​ချက်​အတွက် ဘုရားသခင်​သည် ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အားဖြင့် သင်​တို့​ကို ခေါ်ယူ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ကို သင်​တို့​ရရှိ​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 2:14
19 ပူးပေါင်းရင်းမြစ်များ  

သူ​၏ သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော​တာဝန်များ​ကို သင့်​အား ငါ​လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။


အကျွန်ုပ်တို့​သည် တစ်သားတည်း​ဖြစ်​သကဲ့သို့ သူတို့​သည်လည်း တစ်သားတည်း​ဖြစ်​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေးတော်မူသော​ဘုန်းအသရေ​ကို သူတို့​အား ပေးပါပြီ။


အို အဖ… အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော​သူတို့​ကို အကျွန်ုပ်​ရှိမည့်​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိစေ​လိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်​မရှိမီ​ကပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို ချစ်​၍ ပေးတော်မူသော ဘုန်းအသရေ​ကို သူတို့​တွေ့မြင်ပါ​လိမ့်မည်။


ကျွန်ုပ်​ဟောသော သတင်းကောင်း​၌​ဆိုထားသည့်​အတိုင်း သင်တို့​အား ခိုင်ခံ့မြဲမြံ​စေနိုင်တော်မူသော ဘုရားသခင်​သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှု​ခရစ်တော်​အကြောင်း​ဖြစ်သော ဤ​သတင်းကောင်း​က ကာလ​ကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်တော်​ကို လူမျိုးခြား​ဖြစ်သော သင်တို့​အား ဖော်ပြပေး၏။


ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ ဖြစ်​သောကြောင့် အမွေခံများ​လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်​နှင့်အတူ ဆင်းရဲဒုက္ခ​ကို ခံရ​လျှင် ကိုယ်တော်​နှင့်အတူ ဘုရားသခင်​၏ ဘုန်းအသရေ​ကိုလည်း ခံစားကြ​ရမည် ဖြစ်၏။


ဘုရားသခင် ရွေးချယ်တော်မူ​သဖြင့် သင်တို့ မျှော်လင့်ရသော​အရာ​သည် မည်သည့်​အရာ​ဖြစ်သည်​ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်​၏ ဘုန်းအသရေ​သည် မည်မျှ​ကြွယ်ဝသည်​ကို​လည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့​အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်​တန်ခိုးတော်​သည် မည်မျှ​ကြီးမားသည်​ကို​လည်းကောင်း သင်တို့​သိ​စေရန် သင်တို့​၏ ဉာဏ်​မျက်စိ​ကို ပွင့်စေတော်မူပါ​ဟု ကျွန်ုပ်​ဆုတောင်း၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


ဘုရားသခင်​၏​ဘုန်းအသရေတော်​သည် အလင်း​ပေးတော်မူ​၍ သိုးသငယ်တော်​သည် ထို​မြို့​၏ ဆီမီး​သဖွယ် ဖြစ်​သောကြောင့် မြို့​သည် နေ​နှင့်​လတို့​၏​အလင်း​ကို မလိုအပ်ပေ။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ