ဂလာတိ 1:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ်မှလွဲ၍ အခြားမည်သည့် တမန်တော်ကိုမျှ ကျွန်ုပ်မတွေ့ခဲ့။ Common Language Bible သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။ Garrad Bible အ ရှင် ဘု ရား၏ ညီ တော် ယာ ကုပ် မှ တစ် ပါး အ ခြား တ မန် တော် မည် သူ့ ကို မျှ မ တွေ့ ချေ။ Judson Bible သူနှင့် သခင်ဘုရား၏ညီတော် ယာကုပ်မှတစ်ပါး အခြားသော တမန်တော်တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။ |
ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
သူသည် လက်သမား၏သား မဟုတ်လော။ သူ၏မိခင်သည် မာရိမဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့သည် သူ၏ညီများဖြစ်ကြသည် မဟုတ်လော။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
လူတစ်ဦးက ကိုယ်တော်အား “သခင်၏မယ်တော်နှင့် ညီတော်တို့သည် သခင့်အား တွေ့မြင်လို၍ အပြင်တွင် ရပ်နေကြ၏” ဟု လျှောက်လေ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ပေတရုကလည်း တိတ်ဆိတ်စွာနေရန် လက်ရိပ်ပြ၍ ဘုရားသခင်သည် သူ့ကို ထောင်မှ မည်သို့ခေါ်ထုတ်လာကြောင်း ထိုသူတို့အား ပြောပြလေ၏။ ထို့နောက် သူက “ဤအရာများကို ယာကုပ်နှင့် အခြားညီအစ်ကိုမောင်နှမတို့အား ပြန်ပြောကြလော့” ဟု ဆိုပြီးလျှင် အခြားနေရာသို့ ထွက်ခွာသွားလေ၏။
ကျွန်ုပ်တို့သည် ပေတရုမှစ၍ သခင်ဘုရား၏ ညီတော်များနှင့် အခြားသောတမန်တော်များကဲ့သို့ ခရီးသွားရာတွင် ယုံကြည်သူဇနီးသည်ကို ကျွန်ုပ်တို့နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။
ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။