Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:46 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

46 ထိုသို့ လူထု​အား ဟောပြောနေ​စဉ် မယ်တော်​နှင့် ညီတော်တို့​သည် ယေရှု​ကို စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်လျက်​နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 လူ ပ ရိ သတ် အား ထို သို့ မိန့် တော် မူ လျက် ရှိ စဉ် မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် နှင့် စ ကား ပြော လို၍ ပြင် က ရပ် နေ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

46 ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:46
26 ပူးပေါင်းရင်းမြစ်များ  

ယေရှု​ခရစ်တော် မွေးဖွားလာတော်မူပုံ​မှာ ဤသို့​ဖြစ်၏။ မယ်တော်​မာရိ​နှင့် ယောသပ်​တို့​သည် လက်ထပ်​ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်​ပေါင်းသင်းခြင်း​မပြုမီ မာရိ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။


လူ​တစ်ယောက်​က ယေရှု​အား “သခင်​၏ မယ်တော်​နှင့် ညီတော်တို့​သည် သခင့်​အား စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်နေကြပါသည်” ဟု လျှောက်လေ၏။


သူ​သည် လက်သမား​၏​သား မဟုတ်လော။ သူ​၏​မိခင်​သည် မာရိ​မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​သည် သူ​၏​ညီများ​ဖြစ်ကြသည် မဟုတ်လော။


သူတို့​သည် အိမ်​ထဲသို့ ဝင်​၍ မယ်တော်​မာရိ​နှင့်အတူ သူငယ်တော်​ကို တွေ့မြင်​သော် ဝပ်တွားခယ​လျက် သူငယ်တော်​ကို ရှိခိုးကြပြီး​လျှင် မိမိတို့​၏ ရတနာ​သေတ္တာများ​ကို ဖွင့်​ကာ ရွှေ၊ လောဗန်​နှင့် မုရန်​ဟူသော လက်ဆောင်များ​ကို ဆက်သကြ၏။


“ထလော့။ သူငယ်တော်​နှင့် မယ်တော်​ကို ခေါ်ဆောင်​ကာ အစ္စရေးပြည်​သို့ ပြန်ကြလော့။ သူငယ်တော်​ကို သတ်​ရန်​ရှာဖွေသော​သူတို့​သည် သေဆုံးကြပြီ” ဟု ဆို၏။


မည်သူ​မျှ အထည်ဟောင်း​ကို ပိတ်စသစ်​ဖြင့် ဖာလေ့​မရှိ။ ထိုသို့​ဖာ​လျှင် ပိတ်စသစ်​သည် ရုန်း​သဖြင့် အထည်ဟောင်း​၏​စုတ်ပြဲရာ​အပေါက်​သည် ပို​၍ ကျယ်​လိမ့်မည်။


သူ​သည် လက်သမား​မဟုတ်လော။ မာရိ​၏​သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ​နှင့် ရှိမုန်​တို့​၏​အစ်ကို မဟုတ်လော။ သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော” ဟု ပြောဆို​၍ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကာ မယုံကြည်ဘဲ​နေကြ၏။


ကျွန်မ သခင်​၏​မိခင် ကျွန်မ​ထံသို့ ကြွရောက်လာသော​အခွင့်ထူး​ကို အဘယ်ကြောင့် ကျွန်မ​ခံစားရပါသနည်း။


သူငယ်တော်​၏​မိဘတို့​သည် သူငယ်တော်​နှင့်​ပတ်သက်၍ ပြောဆိုသော​အကြောင်းအရာများ​ကို ကြား​သောအခါ အံ့ဩ​လျက် နေကြ၏။


ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။


မိဘတို့​သည် ယေရှု​ကို တွေ့​သောအခါ အံ့အားသင့်​၍ မိခင်​က “ငါ့​သား… သင်​သည် အဘယ်ကြောင့် ငါတို့​ကို ဤသို့ ပြု​ရသနည်း။ ငါ​နှင့် သား​၏​ဖခင်​သည် သား​ကို အလွန်​စိတ်ပူ​၍ နေရာအနှံ့​လိုက်ရှာ​ခဲ့ရ၏” ဟု ပြောလေ၏။


ထို့နောက် ယေရှု​သည် မိဘတို့​နှင့်အတူ နာဇရက်မြို့​သို့ ပြန်သွား​၍ သူတို့​၏​စကား​ကို နားထောင်​လျက် နေလေ၏။ မိခင်​သည် ဖြစ်ပျက်​ခဲ့သမျှ​ကို စိတ်နှလုံး​ထဲ​၌ မှတ်ထားလေ၏။


ကိုယ်တော်​က “သင်တို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​ဆိုင်သော လျှို့ဝှက်​နက်နဲသည့်​အကြောင်းအရာများ​ကို သိခွင့်​ရကြ၏။ သို့သော် အခြားသော​သူတို့​သည် ‘ကြည့်​သော်လည်း မမြင်​စေရန် နားထောင်​သော်လည်း နားမလည်​စေရန်’ ပုံဥပမာ​အားဖြင့် ပြောရခြင်း​ဖြစ်၏။


ယေရှု​၏ မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလမာရိတို့​သည် လက်ဝါးကပ်တိုင်​အနီး​တွင် ရပ်​လျက်​နေကြ၏။


သုံးရက်မြောက်သော နေ့​တွင် ဂါလိလဲပြည်၊ ကာနမြို့​၌ မင်္ဂလာဆောင်ပွဲ​တစ်ခု ကျင်းပလေ၏။ ယေရှု​၏​မယ်တော်​သည် ထို​ပွဲ​၌ ရှိ၏။


ထို့နောက် ကိုယ်တော်​သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များ​နှင့်အတူ ကပေရနောင်မြို့​သို့ ကြွ​၍ ရက်​အနည်းငယ် နေတော်မူ၏။


ထိုအခါ မယ်တော်​က အစေခံများ​အား “သူ​စေခိုင်း​သမျှ​ကို လုပ်ဆောင်ကြပါ” ဟု မှာထား၏။


သို့ရာတွင် ထို​ပွဲတော်​သို့ ညီတော်များ ထွက်ခွာသွားကြ​ပြီးနောက် ယေရှု​သည်လည်း မထင်မရှား​ကြွတော်မူ၏။


ထိုအခါ ယေရှု​၏ ညီတော်များ​က “သင်​ပြုသော အံ့ဖွယ်အမှုတို့​ကို သင်​၏​တပည့်များ မြင်​နိုင်ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒပြည်​သို့ သွားပါလော့။


ထိုသို့​ဆိုကြခြင်း​မှာ ညီတော်များ​ကပင် ယေရှု​ကို မယုံကြည်ကြ​သောကြောင့်​ဖြစ်၏။


ထို​သူတို့​အားလုံး​သည် မယ်တော်​မာရိ​အပါအဝင် အမျိုးသမီး​တစ်စု၊ ယေရှု​၏​ညီတော်များ​နှင့် တစ်စိတ်တစ်ဝမ်းတည်း​ဖြင့် အဆက်မပြတ်​ဆုတောင်း​လျက် နေကြ၏။


ကျွန်ုပ်တို့​သည် ပေတရု​မှစ၍ သခင်ဘုရား​၏ ညီတော်များ​နှင့် အခြားသော​တမန်တော်များ​ကဲ့သို့ ခရီးသွား​ရာတွင် ယုံကြည်သူ​ဇနီးသည်​ကို ကျွန်ုပ်တို့​နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။


သို့သော် သူ​နှင့် သခင်ဘုရား​၏ ညီတော် ယာကုပ်​မှလွဲ၍ အခြား​မည်သည့် တမန်တော်​ကိုမျှ ကျွန်ုပ်​မတွေ့ခဲ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ