Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မဿဲ၊ သောမ၊ အာလဖဲ​၏​သား ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ ရှိမုန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မဿဲ​နှင့် သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် ဇေ​လုပ်​ဟု​ခေါ်​ဝေါ်​သော ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မဿဲ​နှင့်​သောမ၊ အာလဖဲ​၏​သား​ယာကုပ်​နှင့် မျိုးချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိမုန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 မဿဲ​နှင့် သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် ဇေ​လုပ်​ဟု​ခေါ်​ဝေါ်​သော ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:15
14 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ထို​အရပ်​မှ ကြွ​သောအခါ မဿဲ​အမည်​ရှိသောသူ​တစ်ဦး​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ်​ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။


လမ်း​၌ ကြွတော်မူ​စဉ် အာလဖဲ​၏​သား လေဝိ​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။


အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်​ထက်သန်သူ ရှိမုန်၊


ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ကြွ​သောအခါ လေဝိ​အမည်​ရှိ အခွန်​ကောက်သူ​တစ်ဦး​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ်​ခံယူလော့” ဟု မိန့်တော်မူ၏။


ပေတရု​ဟု ယေရှု​မှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု​၏​ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊


ယာကုပ်​၏​သား​ယုဒ​နှင့် ယေရှု​အား သစ္စာဖောက်သော​ယုဒရှကာရုတ်​တို့ ဖြစ်ကြ၏။


အမြွှာပူး​ဟု ခေါ်တွင်သော သောမ​က “ငါတို့​သည်လည်း ကိုယ်တော်​နှင့်အတူ အသေခံ​ရန် လိုက်သွားကြစို့” ဟု အခြား​တပည့်တော်တို့​အား ပြောလေ၏။


ယေရှု​ကြွလာတော်မူ​သောအခါ တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်သူ အမြွှာပူး​ဟု အမည်တွင်သော သောမ​သည် တပည့်တော်တို့​နှင့်အတူ မရှိပေ။


ထို​မြို့​သို့ ဝင်ကြ​သောအခါ သူတို့​သည် မိမိတို့ တည်းခိုနေသော​အိမ်​၏​အပေါ်ထပ်​အခန်း​သို့ တက်သွားကြ၏။ ထို​သူတို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ​ရှိမုန်၊ ယာကုပ်​၏​သား ယုဒ​တို့ ဖြစ်ကြ၏။


သူတို့​ပြောဆိုကြ​ပြီးနောက် ယာကုပ်​က “ညီအစ်ကိုတို့… ကျွန်ုပ်​စကား​ကို နားထောင်ကြလော့။


သို့သော် သူ​နှင့် သခင်ဘုရား​၏ ညီတော် ယာကုပ်​မှလွဲ၍ အခြား​မည်သည့် တမန်တော်​ကိုမျှ ကျွန်ုပ်​မတွေ့ခဲ့။


အသင်းတော်​၏ မဏ္ဍိုင်များ​ကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရု​နှင့် ယောဟန်​တို့​က ကျွန်ုပ်​အား ပေးထားသော​ကျေးဇူးတော်​ကို သဘောပေါက်​လျက် ကျွန်ုပ်တို့​အားလုံး​သည် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြောင်း​ကို ပြသော​အားဖြင့် ဗာနဗ​နှင့် ကျွန်ုပ်​ကို လက်ဆွဲ​နှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့​သည် လူမျိုးခြား​ထံသို့ သွားရောက်​ဟောပြော​ရန်​နှင့် သူတို့​သည် ဂျူးလူမျိုး​ထံသို့ သွားရောက်​ဟောပြော​ရန် သဘောတူကြ၏။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ