Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:55 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

55 သူ​သည် လက်သမား​၏​သား မဟုတ်လော။ သူ​၏​မိခင်​သည် မာရိ​မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​သည် သူ​၏​ညီများ​ဖြစ်ကြသည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

55 သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

55 သူ သည် လက် သ မား သား မ ဟုတ် လော။ သူ့ အ မိ ကို မာ ရိ ဟူ၍ လည်း ကောင်း၊ ညီ များ ကို ယာ ကုပ်၊ ယော သေ၊ ရှိ မုန်၊ ယု ဒ ဟူ၍ လည်း ကောင်း ခေါ် ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

55 သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

55 ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

55 သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:55
23 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​အထဲ​တွင် မာဂဒလမာရိ၊ ယာကုပ်​နှင့် ယောသပ်​၏ မိခင်​မာရိ၊ ဇေဗေဒဲ​၏ သားများ​၏ မိခင်​တို့ ပါကြ၏။


အမျိုးသမီး​တချို့​သည် အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။ ထို​သူတို့​အထဲတွင် မာဂဒလမာရိ၊ ယာကုပ်​အငယ်​နှင့် ယောသေ​တို့​၏ မိခင်​ဖြစ်သော မာရိ​နှင့် ရှာလုံ​တို့ ပါကြ၏။


မာဂဒလမာရိ​နှင့် ယောသေ​၏ မိခင်​မာရိ​တို့​သည် အလောင်းတော် သင်္ဂြိုဟ်သော​နေရာ​ကို တွေ့မြင်ကြ၏။


သူ​သည် လက်သမား​မဟုတ်လော။ မာရိ​၏​သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ​နှင့် ရှိမုန်​တို့​၏​အစ်ကို မဟုတ်လော။ သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော” ဟု ပြောဆို​၍ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကာ မယုံကြည်ဘဲ​နေကြ၏။


ထို​မိန်းမပျို​သည် ဒါဝိဒ်မင်း​အမျိုး​မှ ဆင်းသက်​သူ​ဖြစ်သည့် ယောသပ်​အမည်​ရှိသော​အမျိုးသား​တစ်ဦး​နှင့် လက်ထပ်​ရန် စေ့စပ်ကြောင်းလမ်းထားသူ​ဖြစ်၏။ ထို​မိန်းမပျို​၏​အမည်​မှာ မာရိ​ဖြစ်၏။


ဤ​အကြောင်းအရာများ​ကို တမန်တော်​တို့​အား ပြောပြကြသော​သူများ​မှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်သော မာရိ​နှင့် အခြားသော​အမျိုးသမီးများ ဖြစ်ကြ၏။


ယေရှု​သည် အမှုတော်​လုပ်ငန်း​ကို စတင်သော​အချိန်​တွင် အသက်တော်​သုံးဆယ်​ခန့်​ရှိ၏။ လူတို့​၏​ထင်မြင်ချက်​အရ ယေရှု​သည် ယောသပ်​၏​သား ဖြစ်၏။ ယောသပ်​သည် ဧလိ​၏​သား၊


လူအပေါင်းတို့​သည် ယေရှု​ကို ချီးကျူး​၍ ချိုသာသော​စကားတော်တို့​ကို အံ့ဩ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား မဟုတ်လော” ဟူ၍ မေးကြ၏။


လူတစ်ဦး​က ကိုယ်တော်​အား “သခင်​၏​မယ်တော်​နှင့် ညီတော်တို့​သည် သခင့်​အား တွေ့မြင်​လို​၍ အပြင်​တွင် ရပ်နေကြ၏” ဟု လျှောက်လေ၏။


ယေရှု​၏ မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလမာရိတို့​သည် လက်ဝါးကပ်တိုင်​အနီး​တွင် ရပ်​လျက်​နေကြ၏။


“ဤ​သူ​သည် ယောသပ်​၏ သား ယေရှု​မဟုတ်လော။ သူ​၏ မိဘတို့​ကို ငါတို့​သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူ​က ‘ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်​ပြောဆိုကြ၏။


ဘုရားသခင်​သည် မောရှေ​ကို မိန့်မြွက်ပြောဆိုသည်​ကို ငါတို့​သိကြ၏။ ဤ​သူ​သည် အဘယ်က​လာသည်​ကိုပင် ငါတို့​မသိပါ” ဟု ကဲ့ရဲ့​ရှုတ်ချ​လျက် ဆိုကြ၏။


သို့သော် သူ​နှင့် သခင်ဘုရား​၏ ညီတော် ယာကုပ်​မှလွဲ၍ အခြား​မည်သည့် တမန်တော်​ကိုမျှ ကျွန်ုပ်​မတွေ့ခဲ့။


ယေရှု​ခရစ်တော်​၏​ကျွန်၊ ယာကုပ်​၏​ညီ ကျွန်ုပ်​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ရွေးချယ်တော်မူခြင်း​နှင့် ချစ်ခြင်း​ကို ခံရ​၍ ယေရှု​ခရစ်တော်​၏ စောင့်ရှောက်ခြင်း​ခံရသော​သူတို့​ထံသို့ စာရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ