သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ကောလောသဲ 1:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၏။ ကိုယ် တော်ထံမှကိုယ်ခန္ဓာတော်အသက်ကိုရရှိ၏။ ထိုအရှင်သည်သားဦးဖြစ်၍သေခြင်းမှ ဦးစွာပထမရှင်ပြန်ထမြောက်တော်မူ သဖြင့် အရာခပ်သိမ်းတို့၏အထွတ်အထိပ် အဖြစ်ကိုခံယူတော်မူပေသည်။- Garrad Bible ၎င်း ပြင် အ ရာ ခပ် သိမ်း၏ အ ထွဋ် ဖြစ် အံ့ သော ငှာ ကိုယ် တော် သည် သူ သေ တို့ အ ထဲ မှ သြ ရ သ နှင့် က န ဦး ဖြစ် သည့် အ လျောက် အ သင်း တော် တည်း ဟူ သော ကိုယ် ခ န္ဓာ တော် တွင် ဦး ထိပ် ဖြစ် တော် မူ၏။ Judson Bible အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။ |
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။
ထိုအရှင်သည် ငါ့နောက်တွင် ကြွလာမည့်အရှင်ဖြစ်သော်လည်း ထိုအရှင်၏ ဖိနပ်ကြိုးကို ဖြေရန်ပင် ငါသည် မထိုက်တန်ပါ” ဟု ဆို၏။
သူတို့ဟောပြောခဲ့သည့်အတိုင်း ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံစားရမည်။ ထို့ပြင် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ထံသို့ အလင်းတရားကို ကြေညာဟောပြောတော်မူမည်ဟု အကျွန်ုပ်ဟောပြောပါ၏” ဟူ၍ ဖြစ်၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
သင်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ကြပြီး သင်တို့တစ်ဦးချင်းသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ခရစ်တော်သည် ရန်သူအားလုံးကို မိမိခြေဖဝါးတော်အောက်သို့ ချမထားမီတိုင်အောင် အုပ်စိုးရမည်ဖြစ်၏။
ထိုအကြံအစည်တော်သည် အချိန်ကျသောအခါ ကောင်းကင်နှင့် မြေကြီး၌ ရှိသမျှသောအရာအားလုံးကို ခရစ်တော်၏ အာဏာစက်အောက်၌ ပေါင်းစည်းစေရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း ဖြစ်သကဲ့သို့ ခင်ပွန်းသည် ဇနီး၏ ဦးခေါင်း ဖြစ်သောကြောင့်ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်သည် အသင်းတော် ဟူသော မိမိ၏ကိုယ်ခန္ဓာကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
သူတို့သည် ဦးခေါင်းဖြစ်သည့် ခရစ်တော်၌ မှီခိုအားထားခြင်း မရှိ။ ထိုဦးခေါင်းဖြစ်သည့် ခရစ်တော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြော အရွတ်များဖြင့် ဆက်စပ်၍ အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေလိုတော်မူသည့်အတိုင်း ကြီးထွားကြ၏။
အစဦးကပင် ရှိနေ၍ ကျွန်ုပ်တို့ကြားရသောအရာ၊ ကျွန်ုပ်တို့မျက်စိဖြင့် မြင်ရသောအရာ၊ ကျွန်ုပ်တို့ကြည့်ရှု၍ လက်ဖြင့် ထိတွေ့ခဲ့သောအရာဖြစ်သည့် အသက်တော်တည်းဟူသော နှုတ်ကပတ်တော်အကြောင်းကို သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ၊ အစနှင့် အဆုံးဖြစ်၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။