Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သင်တို့​အား ကျွန်ုပ် သိစေ​လိုသည်​မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:3
23 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


‘ယခု ငါ​သွားမည်။ သို့သော် သင်တို့​ထံသို့ ပြန်လာ​ဦးမည်’ ဟူ၍ ငါ​ပြောခဲ့သော​စကား​ကို သင်တို့​ကြားခဲ့ပြီ။ သင်တို့​သည် ငါ့​ကို အမှန်တကယ်​ချစ်​လျှင် ငါ့​ထက် ပို​၍ ကြီးမြတ်သော​ခမည်းတော်​ထံသို့ ငါ​သွားသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။


သင်တို့​ကိုမူ ခရစ်တော်​ပိုင်ဆိုင်တော်မူ​ပြီး ခရစ်တော်​ကိုမူ ဘုရားသခင်​ပိုင်ဆိုင်တော်မူ၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို မေတ္တာ​ဖြင့် အစဉ် နာခံ​ဟောပြော​လျက် အသင်းတော်​၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်​နှင့် ပိုမို တူညီလာ​၍ အစစအရာရာ​တွင် ကြီးထွားကြမည် ဖြစ်၏။


ကိုယ်တော်​သည် အသင်းတော်​ဟူသော မိမိ​ကိုယ်ခန္ဓာ​၏ ဦးခေါင်း​ဖြစ်​၍ ကိုယ်ခန္ဓာ​၏ မူလ​အရင်းအမြစ် ဖြစ်တော်မူ၏။ သေရာ​မှ အဦးဆုံး ရှင်ပြန်​ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်​သည် အရာ​အားလုံး​တွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​၍ ပြည့်စုံသော​အနေအထား​သို့ ရောက်လာကြ​သောကြောင့် ဖြစ်၏။ ထို​ခရစ်တော်​သည် အုပ်စိုးမှု​နှင့် အာဏာစက်​အပေါင်းတို့​ကို အစိုးရတော်မူ၏။


သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


ဇနီးသည်တို့… သခင်ဘုရား​၏ လူများ ပြုမူနေထိုင်​သင့်သည့်​အတိုင်း သင်တို့​၏ ခင်ပွန်းသည်​ကို နာခံကြလော့။


ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ