မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ဟေရှာယ 48:19 - Common Language Bible သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။ Garrad Bible ရှေ့ တော် တွင် အ မည် မ ပျက် မ ကွယ် မ ပြတ် မ စဲ ဘဲ၊ သဲ ပြင် သဲ လုံး နှင့် အ မျှ များ ပြား ခဲ့ လေ ပြီ ဟု မိန့် တော် မူ ၏။ Judson Bible သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အမျိုးအနွယ်သည် သဲပွင့်ကဲ့သို့ များပြားမည်။ သင်၏သားမြေးတို့သည် သဲလုံးကဲ့သို့ များပြားမည်။ သူတို့၏အမည်သည် ငါ့ရှေ့မှောက်မှ ပယ်ဖျက်ခြင်းခံရမည်မဟုတ်။ ဖျောက်ဖျက်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။ |
မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် ဗာဗုလုန်မြို့ကိုတိုက်ခိုက်၍ပျက်စီးယိုယွင်း စေမည်။ ထိုမြို့တွင်ရှိသမျှသောအရာတို့ကို ဖျက်ဆီးပစ်မည်။ ကလေးသူငယ်များပင်လျှင် အသက်မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။-
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။
``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
``ကမ္ဘာမြေကြီးသစ်နှင့်မိုးကောင်းကင်သစ် တို့သည် ငါ၏တန်ခိုးတော်အားဖြင့်တည် မြဲလျက်နေသကဲ့သို့၊ သင်တို့နာမည်နာမ များနှင့်သားမြေးတို့သည်တည်မြဲလျက် နေလိမ့်မည်။
ထာဝရဘုရားသည်တစ်နေ့တည်းတွင်ဣသ ရေလခေါင်းဆောင်များနှင့်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ခေါင်းပိုင်း၊ အမြီးပိုင်းတို့ကိုတစ်နေ့ တည်းအတွင်းဖြတ်တောက်ပစ်တော်မူလိမ့်မည်။-
ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
``ငါသည်ယေရုရှလင်မြို့နှင့်ယုဒပြည် ရှိလူအပေါင်းကိုဖျက်ဆီးချေမှုန်းမည်။ ထိုအရပ်တွင်ဗာလဘုရားအားကိုးကွယ် ဝတ်ပြုမှုကိုအစတုန်းစီရင်မည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှထိုဘုရား ထံအစေအပါးခံခဲ့သောတပည့်များ ကိုအောက်မေ့သတိရကြတော့မည်မဟုတ်။
ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-
မည်သူမျှသူတို့ကိုသတိမရစေရန် သူ တို့ကိုငါဖျက်ဆီးသုတ်သင်ပစ်မည်ဖြစ်၍ ငါ့ကိုမဆီးတားနှင့်။ ထို့နောက်ငါသည်သင့် အားထိုသူတို့ထက်များပြား၍ အင်အားကြီး သောလူမျိုး၏ဖခင်ဖြစ်စေမည်' ဟုမိန့်တော် မူ၏။''
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။