Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 4:10 - Common Language Bible

10 ထို့​အ​ပြင်​မ​ဟာ​လုန်​၏​မု​ဆိုး​မ၊ မော​ဘ အ​မျိုး​သ​မီး​ရု​သ​သည် ငါ​၏​gen 1gဇနီး​ဖြစ် လာ​လေ​ပြီ။ ဤ​နည်း​အား​ဖြင့်​ထို​ပစ္စည်း​ဥစ္စာ များ​သည် သေ​လွန်​သူ​၏​အိမ်​ထောင်​စု​လက် ဝယ်​တည်​ရှိ​နေ​ပါ​လိမ့်​မည်။ သေ​သူ​၏​ဆွေ စဉ်​မျိုး​ဆက်​သည်​လည်း သူ​၏​အ​မျိုး​သား များ​နှင့်​သူ​၏​နေ​ရင်း​မြို့​တွင်​မ​ပြတ်​ဘဲ ဆက်​လက်​ပွား​လျက်​နေ​ပါ​လိမ့်​မည်။ သင် တို့​သည်​ဤ​အ​မှု​တွင်​အ​သိ​သက်​သေ ဖြစ်​ကြ​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဆွေ မျိုး သား ချင်း တို့ နှင့် နေ ရင်း မြို့ တံ ခါး အ တွင်း၌ သေ လွန် သူ၏ အ မည် မ ပျက် မ ကွက် စေ ဘဲ အ မွေ စု တွင် တည် စေ ခြင်း ငှါ မ ဟာ လုန့် မ ယား၊ မော ဘ ပြည် သူ ရု သ ကို လည်း ကြင် ဘက် အ ဖြစ် ဝယ် ယူ ကြောင်း ယ နေ့ သင် တို့ သည် သက် သေ ဖြစ် ကြ သည် ဟု ပြော ဆို သည့် အ လျောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သေ​သော​သူ၏​နာ​မည်​ကို သူ၏​ညီ​အစ်​ကို​စု​ထဲ​က​လည်း​ကောင်း၊ သူ​နေ​ရာ မြို့​တံ​ခါး​ထဲ​က​လည်း​ကောင်း မ​ပြတ်​စေ​ခြင်း​ငှာ၊ သူ၏​အ​မွေ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​မည်​အ​ကြောင်း၊ မ​ဟာ​လုန်၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို ငါ၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ ငါ​ဝယ်​သည်​ကို သင်​တို့​သည် ယ​နေ့​သက်​သေ​ဖြစ်​ကြ​ပါ၏​ဟု အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ကွယ်လွန်​သူ​၏​အမွေ​သည် သူ့​အမည်​ဖြင့် ဆက်ရှိ​စေရန်​၊ သူ့​ညီအစ်ကို​ကြား​၊ သူ့​နေရင်းမြို့​တံခါး​တို့​တွင် နာမည်​ပယ်ဖျက်​မ​ခံရ​စေရန် မဟာလုန်​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​လည်း အကျွန်ုပ်​၏​မယား​အဖြစ် ဝယ်ယူ​မည်​။ ဤသည်မှာ​လည်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 4:10
19 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ငါ့​ထံ​၌​နောက်​ထပ်​ခုနစ်​နှစ်​အ​လုပ် လုပ်​ဦး​မည်​ဆို​လျှင် မင်္ဂ​လာ​ပွဲ​ရက်​သတ္တ​တစ်ပတ် ကုန်​သော​အ​ခါ​သင့်​အား​ရာ​ခေ​လ​နှင့်​ပေး စား​ပါ​မည်'' ဟု​ဆို​လေ​သည်။


သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။


သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။


မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။


အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။


သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။


ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-


ထို့​ကြောင့်​ငါ​သည်​ငွေ​သား​တစ်​ဆယ့်​ငါး​ပြား နှင့်​မု​ယော​ဆန်​ခု​နစ်​တင်း​ပေး​၍​သူ့​ကို​ရွေး ယူ​သည်။-


ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-


ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-


လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-


ဣ​သ​ရေ​လ​လူ​မျိုး​တွင်​သေ​ဆုံး​သူ​၏​မိ​သား​စု မျိုး​ဆက်​မ​ပျောက်​စေ​ရန် ထို​မိန်း​မ​၌​ဖွား​မြင် သော​သား​ဦး​သည်​သေ​သူ​၏​တ​ရား​ဝင်​သား ဖြစ်​စေ​ရ​မည်။-


ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။


ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။


ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ