Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 9:14 - Common Language Bible

14 မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ကောင်း ကင် အောက် မှ၊ အ မည် ပါ၊ ပယ် ရှား ချေ ဖျောက် ရန် ငါ ရှိ စေ တော့။ သင့် ကို ကား၊ ချင်း တို့ ထက် များ ပြား၍ တန် ခိုး ကြီး သော လူ မျိုး ဖြစ် စေ မည် ဟူ ၍ လည်း ကောင်း၊ မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​လော့။ သူ​တို့​ကို ငါ​ဖျက်​ဆီး​မည်။ သူ​တို့​နာ​မ​ကို​လည်း ကောင်း​ကင်​အောက်​မှာ ငါ​ချေ​မည်။ သင့်​ကို​မူ​ကား၊ သူ​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​အမည်​ကို ကောင်းကင်​အောက်​မှ ပယ်ဖျက်​မည်​။ သင့်​ကို​ကား သူ​တို့​ထက် အင်အားကြီး​၍ များပြား​သော​လူမျိုး​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 9:14
19 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-


ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဟု​မိန့်​တော်​မူ သော​အ​ခါ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​အ​စေ​ခံ မော​ရှေ​သည် ဆီး​တား​သ​ဖြင့် အ​မျက်​တော်​ထွက်​၍​ထို​သူ​တို့​အား​သုတ်​သင် ဖျက်​ဆီး​တော်​မ​မူ။


သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။ သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။


ကိုယ်​တော်​ရှင်​သည်​ဘု​ရား​မဲ့​သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​အ​မျိုး​သည်​တိမ်​ကော​သွား​လိမ့်​မည်။


တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။


သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ထို​သူ တို့​ကို​ကူ​မ​ရန်​ငါ့​အား​မ​လျှောက်​ထား​နှင့်။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-


``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-


``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-


ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။


အောင်​မြင်​သော​သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ် ကို​ဝတ်​ရ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​နာ​မည် ကို​အ​သက်​စာ​စောင်​မှ​ဖျက်​ပယ်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​ကြောင်း ငါ​၏​ခ​မည်း​တော်​နှင့်​ကိုယ်​တော်​၏​ကောင်း ကင်​တ​မန်​များ​ရှေ့​တွင်​ငါ​ထုတ်​ဖော်​ဝန်​ခံ မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ