ဟေရှာယ 54:3 - Common Language Bible3 သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible3 အ ဘယ့် ကြောင့် ဆို သော် သင် သည် ဝဲ ယာ နှစ် ဖက် နှံ့ ပြား သ ဖြင့်၊ အ မျိုး အ နွယ် လည်း လူ မျိုး ခြား တို့ ကို ပိုင် လျက်၊ မြို့ ဆိုး ကုန်း များ ကို စည် ပင် စေ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3 အကြောင်းမူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသောမြို့တို့၌ နေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ ပျံ့နှံ့ရောက်ရှိမည်။ သင်၏သားစဉ်မြေးဆက်တို့သည် တိုင်းနိုင်ငံတို့ကိုပိုင်ဆိုင်မည်။ လူသူကင်းမဲ့သောမြို့တို့၌ နေထိုင်ကြမည်။ အခန်းကိုကြည့်ပါ။ |
ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။