ဟေရှာယ 48:20 - Common Language Bible20 ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible20 ဗာ ဗု လုန် မြို့ တွင်း မှ ထွက် ကြ လော့။ ခါ လ ဒဲ လူ တို့ ဘောင် မှ သွား ကြ လော့။ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် နှံ့ ပြား စေ လျက်၊ ကြွေး ကြော် သံ နှင့် တ ကွ ဖော် ပြ ကြား ပြော ရ မည် မှာ၊ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ယာ ကုပ် ကို ရွေး နုတ် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible20 ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။ အခန်းကိုကြည့်ပါ။ |
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ကွဲလွင့် သွားသော်လည်း သင်တို့၏ဘိုးဘေးများ နေထိုင်ခဲ့သောပြည်ကို သင်တို့တစ်ဖန် သိမ်းယူနေထိုင်နိုင်အံ့သောငှာ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင် တို့ကိုစုသိမ်း၍ပြန်လည်ခေါ်ဆောင်တော် မူလိမ့်မည်။ ထို့အပြင်သင်တို့အားသင် တို့၏ဘိုးဘေးတို့ထက် စီးပွားပိုမိုတိုး တက်စေတော်မူလိမ့်မည်။ လူဦးရေလည်း ပိုမိုများပြားစေတော်မူလိမ့်မည်။-
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-