ယေရမိ 33:22 - Common Language Bible22 ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ရေ တွက် ၍ မ ရ သော က မ္ဘာ့ တန် ဆာ၊ ခြင် တွယ်၍ မ ရ သော သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ ကျွန် တော် ရင်း ဒါဝိဒ် ၏ အ ဆက် အ နွယ်၊ အ မှု တော် ကို ဆောင် ရွက် သော လေ ဝိ ဂိုဏ်း သား တို့ ကို ငါ များ ပြား စေ မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible22 မိုးကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကိုလည်းကောင်း၊ ငါ၏အမှုထမ်းလေဝိသားတို့ကိုလည်းကောင်း ငါများပြားစေမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ ကိုယ်တော်သည်ဣသရေလပြည်သားတို့ အား သူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထာဝရဘုရားသည်ငါ့အား``ငါသည်မိမိ ရွေးချယ်ထားသည့်ဣသရေလအိမ်ထောင်စု နှင့် ယုဒအိမ်ထောင်စုကိုပစ်ပယ်တော်မူပြီဟု လူတို့ပြောဆိုနေကြသည်ကိုသင်သတိပြု မိပါ၏လော။ သူတို့သည်ဤသို့လျှင် ငါ၏ လူမျိုးတော်အားမထီမဲ့မြင်ပြု၍လူမျိုး တစ်ရပ်အနေဖြင့်ပင်မမှတ်မယူကြတော့ ပေ။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။-