ဟေရှာယ 66:22 - Common Language Bible22 ``ကမ္ဘာမြေကြီးသစ်နှင့်မိုးကောင်းကင်သစ် တို့သည် ငါ၏တန်ခိုးတော်အားဖြင့်တည် မြဲလျက်နေသကဲ့သို့၊ သင်တို့နာမည်နာမ များနှင့်သားမြေးတို့သည်တည်မြဲလျက် နေလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ငါ ဖန် ဆင်း လ တ္တံ့ သော မိုး မြေ သစ် သည်၊ မျက် မှောက် တော် တွင် တည် မြဲ အံ့ သည့် နည်း တူ၊ သင် တို့၏ အ မျိုး အ နွယ် နှင့် အ မည် ပါ တည် မြဲ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ထာဝရဘုရားက “ငါဖန်ဆင်းမည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှောက်၌ အစဉ်တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်၊ သင်တို့၏အမည်နာမသည် အစဉ်တည်လိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ကွဲလွင့်နေသူသင်တို့၏အမျိုးသားများ အား မိမိတို့ပြည်သို့ငါခေါ်ဆောင်လာမည့် အချိန်ကာလကျရောက်လာလိမ့်မည်။ ငါသည်သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင် ထင်ပေါ်ကျော်ကြားစေမည်။ သင်တို့ကိုတစ်ဖန်ပြန်လည်ကောင်းစား စေမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။