Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:27 - Common Language Bible

27 ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27-28 ဣ သ ရေ လ လူ မျိုး နှင့် စပ်၍ လည်း ဟေ ရှာ ယ က၊ ဣ သ ရေ လူ အ မျိုး သား တို့ သည် သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ ပြား သော် လည်း ထာ ဝ ရ ဘု ရား သည် ဤ မြေ ကြီး ပေါ် တွင် ပြ ဌာန်း တော် မူ ချက် ကို အ ဆော တ လျင် အ ပြီး သတ် စီ ရင် တော် မူ မည့် အ လျောက် အ ကြွင်း အ ကျန် သာ ကယ် တင် ရာ ရောက် ကြ လိမ့် မည် ဟု ကြွေး ကြော် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ဟေရှာယ​က​လည်း အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍ “အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​သည် ပင်လယ်​သဲပွင့်​များ​နှင့်အမျှ​ရှိ​သော်လည်း ကျန်ရစ်​သော​သူ​မျှသာ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 အစ္စရေးလူမျိုးများ​နှင့် ပတ်သက်၍ ပရောဖက်​ဟေရှာယ​က “အစ္စရေးလူမျိုးတို့​သည် ပင်လယ်ကမ်းခြေ​ရှိ သဲပွင့်​နှင့်အမျှ များပြား​သော်လည်း လူနည်းစု​သာ ကယ်တင်ခြင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:27
15 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-


အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-


အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-


ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။


အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-


ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။


အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ရန်​ယု​ဒ​ပြည်​မှ ထွက်​ခွာ​လာ​ကြ​သူ​တို့​အ​နက် အ​ဘယ်​သူ ကို​မျှ​ထို​ဘေး​များ​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ မိ​မိ​တို့​တစ်​ဖန်​ပြန်​လည်​နေ ထိုင်​ရန်​မျှော်​လင့်​တောင့်​တ​ကြ​သည့်​ယု​ဒ ပြည်​သို့ ထို​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ပြန်​ရ လိမ့်​မည်​မ​ဟုတ်။ ဒုက္ခ​သည်​အ​ချို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ပြန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။ သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။ စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။


``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။-


ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ပင်​လယ်​ထဲ​မှ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​မ​တိုင်း​မ​တာ နိုင်​လောက်​အောင်​များ​ပြား​ကြ​လိမ့်​မည်။ ယ​ခု အ​ခါ​၌​ဘု​ရား​သ​ခင်​က​သူ​တို့​အား``သင် တို့​သည်​ငါ​၏​လူ​စု​မ​ဟုတ်'' ဟု​မိန့်​တော်​မူ သော်​လည်း​နောင်​တစ်​နေ့​တွင်``သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​လိမ့်​မည်။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​မ​တော် မူ​ရန် လျှောက်​ထား​ကြ​သူ​လူ​အ​ပေါင်း​တို့​မူ​ကား၊ ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း `ယေ​ရု​ရှ​လင်​မြို့​သူ၊ မြို့​သား အ​ချို့​တို့​သည်​အ​သက်​ဘေး​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ​ရွေး​ချယ်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ