ရောမ 9:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 အစ္စရေးလူမျိုးများနှင့် ပတ်သက်၍ ပရောဖက်ဟေရှာယက “အစ္စရေးလူမျိုးတို့သည် ပင်လယ်ကမ်းခြေရှိ သဲပွင့်နှင့်အမျှ များပြားသော်လည်း လူနည်းစုသာ ကယ်တင်ခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible27-28 ဣ သ ရေ လ လူ မျိုး နှင့် စပ်၍ လည်း ဟေ ရှာ ယ က၊ ဣ သ ရေ လူ အ မျိုး သား တို့ သည် သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ ပြား သော် လည်း ထာ ဝ ရ ဘု ရား သည် ဤ မြေ ကြီး ပေါ် တွင် ပြ ဌာန်း တော် မူ ချက် ကို အ ဆော တ လျင် အ ပြီး သတ် စီ ရင် တော် မူ မည့် အ လျောက် အ ကြွင်း အ ကျန် သာ ကယ် တင် ရာ ရောက် ကြ လိမ့် မည် ဟု ကြွေး ကြော် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |