Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား​သည် ကမ္ဘာ​ကို လျင်မြန်​ပြတ်သား​စွာ စီရင်တော်မူမည်​ဖြစ်​သောကြောင့် ဖြစ်၏” ဟူ၍ ကြွေးကြော်ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 အ​မှု​တော်​ကို တ​ရား​သ​ဖြင့် ပြီး​စီး​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု​ကို ပြု​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 အကြောင်းမူကား ထာဝရ​ဘုရား​သည် မိန့်​တော်မူ​သော​အရာ​ကို မြေကြီး​ပေါ်၌​ပြည့်စုံ​စေ​၍ မဆိုင်းမတွ ပြုလုပ်​တော်မူ​လိမ့်မည်”​ဟု ကြွေးကြော်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:28
11 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦး​မှစ၍ ယခု​အချိန်​အထိ မဖြစ်စဖူး၊ နောင်​တွင်လည်း မည်သည့်​အခါမျှ ကြုံတွေ့ရမည်​မဟုတ်သည့် အလွန်​ဆိုးရွားသော​ဆင်းရဲဒုက္ခ​သည် ထို​ကာလ​၌ ကျရောက်​မည်​ဖြစ်​သောကြောင့်ပင်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


ထိုအခါ ကောင်းကင်ဘုံ​သည် ပွင့်​လျက်​ရှိသည်​ကို ကျွန်ုပ်​မြင်၏။ ထို​နေရာ​၌ မြင်းဖြူ​တစ်ကောင်​ရှိ၏။ ထို​မြင်းဖြူ​ကို စီးတော်မူသောသူ​သည် သစ္စာရှိသူ​နှင့် ဖြောင့်မှန်သူ​ဟု အမည်​ရ၏။ သူ​သည် ဖြောင့်မှန်​စွာ တရားစီရင်​၍ ဖြောင့်မှန်​စွာ စစ်တိုက်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ