ကမ္ဘာဦး 22:17 - Common Language Bible17 သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ငါ သည် သင့် အား မု ချ ကောင်း ကြီး ပေး ၍ သင့် အ မျိုး အ နွယ် ကို လည်း ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့ လည်း ကောင်း၊ သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး ရေ ကဲ့ သို့ လည်း ကောင်း၊ အ ထူး သ ဖြင့် ပွား များ စေ မည်။ ထို အ မျိုး အ နွယ် သည်၊ ရန် သူ တို့ မြို့ တံ ခါး များ ကို အ ပိုင် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။-
ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''