ဟေရှာယ 9:14 - Common Language Bible14 ထာဝရဘုရားသည်တစ်နေ့တည်းတွင်ဣသ ရေလခေါင်းဆောင်များနှင့်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ခေါင်းပိုင်း၊ အမြီးပိုင်းတို့ကိုတစ်နေ့ တည်းအတွင်းဖြတ်တောက်ပစ်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို့ ကြောင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး မှ ဦး ခေါင်း နှင့် အ မြီး ကိုလည်း ကောင်း၊ စွန် ပ လွံ လက် နှင့် ကိုင်း ပင် ကိုလည်း ကောင်း၊ နေ့ ချင်း ခုတ် ဖြတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲမှ ဦးခေါင်းနှင့်အမြီးကိုလည်းကောင်း၊ စွန်ပလွံအကိုင်းအခက်နှင့်ကျူပင်ကိုလည်းကောင်း တစ်နေ့တည်းတွင် ခုတ်ပစ်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။
မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။