ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
၂ ကော 13:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။ Common Language Bible သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။ Garrad Bible ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။ Judson Bible ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။ မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။ |
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
လူတချို့က ကျွန်ုပ်တို့သည် လောကီစံနှုန်းအတိုင်း ပြုမူနေထိုင်ကြသည်ဟု ထင်မြင်ကြ၏။ ကျွန်ုပ်ရောက်လာသောအခါ ထိုသူတို့အား ရဲရင့်ပြတ်သားစွာ ပြုမူရန် ကြံစည်ထား၏။ သို့သော် သင်တို့ကိုမူ ထိုသို့ရဲရင့်ပြတ်သားစွာ မပြုမူရစေရန် ကျွန်ုပ်တောင်းပန်ပါ၏။
တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။
ထို့ကြောင့် သင်တို့ကို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့အား သခင်ဘုရားပေးသော အခွင့်အာဏာကိုအကြောင်းပြုလျက် အနည်းငယ်ပို၍ ကြွားဝါမိလျှင်ပင် မရှက်ပါ။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို ဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မပြုနိုင်ကြ။ သမ္မာတရားဘက်၌ နေ၍သာ ပြုနိုင်ကြ၏။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ဤဆိုရိုးစကားသည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သောသွန်သင်မှုကို ခိုင်မာစွာ ယုံကြည်စေရန် သူတို့အား ပြင်းပြင်းထန်ထန် ဆုံးမရမည်။