သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
၁ ယော 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။ Common Language Bible ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။- Garrad Bible ငါ တို့ သည် ပ ညတ် တော် များ ကို စောင့် ရှောက် လျှင် ကိုယ် တော် နှင့် ကျွမ်း ဝင် ကြောင်း သိ ရ ကြ၏။ Judson Bible ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ဘုရားသခင်ကို ငါတို့သိကျွမ်းသည်ကိုသိကြ၏။ |
သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
ကျွန်ုပ်တို့သည် အချင်းချင်းချစ်သောကြောင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို ကျွန်ုပ်တို့သိကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌ပင် ရှိနေသေး၏။
ဤနည်းဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူဖြစ်ကြောင်းကို သိရ၍ ဘုရားသခင်ရှေ့တော်၌ စိတ်ချယုံကြည်မှုရှိကြမည်ဖြစ်၏။
ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သူသည် အပြစ်ကျူးလွန်နေသူမဟုတ်။ အပြစ်ကို ဆက်၍ကျူးလွန်နေလျှင် ထိုသူသည် ကိုယ်တော်ကို မသိ မမြင်ဖူးသူဖြစ်၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများကို ချစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။