Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ဤ​နည်း​ဖြင့် ကျွန်ုပ်တို့​သည် သမ္မာတရား​နှင့် သက်ဆိုင်သောသူ​ဖြစ်ကြောင်း​ကို သိရ​၍ ဘုရားသခင်​ရှေ့တော်​၌ စိတ်ချ​ယုံကြည်မှု​ရှိကြမည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19-20 ထို သို့ သော အား ဖြင့် ငါ တို့ သည် ကိုယ့် စိတ် နှ လုံး အ ပြစ် တင် တိုင်း တင် တိုင်း ငါ တို့ စိတ် နှ လုံး ထက် ဘု ရား သ ခင် ကြီး မြတ် ၍ အ ရာ ခပ် သိမ်း ကို သိ တော် မူ သည် နှင့် အ ညီ သ မ္မာ တ ရား ကပ် ကြောင်း သိ လျက် ရှေ့ တော် တွင် စိတ် ချ ခွင့် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သို့​ချစ်​လျှင်၊ ကိုယ်​တိုင်​သ​မ္မာ​တ​ရား​နှင့် ဆိုင်​သည်​ကို ကိုယ်​သိ​ရ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:19
15 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။


ထို့ပြင် ကတိထားတော်မူ​သမျှသော​အရာတို့​ကို ဘုရားသခင်​တတ်စွမ်းနိုင်တော်မူသည်​ဟု အပြည့်အဝ​ယုံကြည်လေ၏။


သေခြင်း​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ ကောင်းကင်တမန်​ဖြစ်စေ၊ နတ်မင်း​ဖြစ်စေ၊ လက်ရှိအရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ၊ တန်ခိုးအာဏာများ​ဖြစ်စေ၊ အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ မည်သည့်​ဖန်ဆင်းခံ​ကမျှ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​နှင့် ကျွန်ုပ်တို့​ကို ကွဲကွာ​စေနိုင်မည်​မဟုတ်ကြောင်း ကျွန်ုပ်​ယုံကြည်၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။


ဤ​လူအပေါင်းတို့​သည် ယုံကြည်​လျက် သေလွန်ကြ၏။ သူတို့​သည် ဘုရားသခင်​ကတိပြုတော်မူသည့်​အရာများ​ကို မရရှိခဲ့​သော်လည်း အဝေး​ကပင် မြင်​၍ ကြိုဆိုခဲ့ကြ၏။ သူတို့​သည် ဤ​လောက​တွင် ခေတ္တ​တည်းခိုသူများ၊ ဧည့်သည်များ​သာ​ဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။


“ကျွန်ုပ်တို့​၌ အပြစ်​မရှိ” ဟု ဆို​ပါက ကျွန်ုပ်တို့​သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့​၌ သမ္မာတရား​မရှိ။


သမ္မာတရား​ကို သင်တို့​မသိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်သည် မဟုတ်။ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်ခြင်း​အမျိုးမျိုး​သည် သမ္မာတရား​နှင့် မသက်ဆိုင်သည်​ကို​လည်းကောင်း သင်တို့​သိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်ခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


“အပြစ်​ရှိသည်” ဟု ခံစားရ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​ခံစားမှု​ထက် ကြီးမြတ်တော်မူသည်​ဖြစ်​၍ အားလုံး​ကို သိတော်မူ၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​သည် “အပြစ်ရှိသည်” ဟု မခံစားရ​လျှင် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​သို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ