Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 “အပြစ်​ရှိသည်” ဟု ခံစားရ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​ခံစားမှု​ထက် ကြီးမြတ်တော်မူသည်​ဖြစ်​၍ အားလုံး​ကို သိတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:20
23 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… သင်​သည် ငါ့​ကို ချစ်သလော” ဟု တတိယ​အကြိမ် မေးတော်မူ၏။ ဤသို့ “သင်​သည် ငါ့​ကို ချစ်သလော” ဟု သုံးကြိမ်​တိုင်တိုင် မေးတော်မူ​သဖြင့် ပေတရု​သည် စိတ်ထိခိုက်​၍ “သခင်… သခင်​သည် အရာ​အားလုံး​ကို သိတော်မူ၏။ အကျွန်ုပ်​သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့။


ထို​သူတို့​သည် ယေရှု​၏ စကားတော်​ကို ကြား​သောအခါ အသက်ကြီးသူများ​က အစပြု​၍ တစ်ယောက်ပြီး​တစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှု​သာလျှင် ထို​နေရာ​၌​ရပ်နေသော ထို​အမျိုးသမီး​နှင့် ကျန်ရစ်တော်မူ၏။


သူတို့​သည် ဤ​စကား​ကို ကြား​သောအခါ ဒေါသ​ထွက်​၍ တမန်တော်များ​ကို သတ်​ရန်​ဆုံးဖြတ်ကြ၏။


သို့ဖြစ်၍ မည်သူ​သည် ကျွန်ုပ်တို့​ကို အပြစ်​စီရင်မည်နည်း။ ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် အသေခံတော်မူသည်​သာမက ရှင်ပြန်​ထမြောက်တော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကျွန်ုပ်တို့​အတွက် ကြားဝင်​အသနားခံတော်မူ၏။


ကျွန်ုပ်​သည် ကိုယ့်​လိပ်ပြာ​ကိုယ် လုံ၏။ ထိုသို့ ဆို​သော် ကျွန်ုပ်​၌ အပြစ်​မရှိ​ဟု မဆိုလို။ ကျွန်ုပ်​ကို စစ်ဆေး​စီရင်တော်မူသော​အရှင်​မှာ သခင်ဘုရား​ပင် ဖြစ်တော်မူ၏။


ထိုသို့သောသူ​သည် အကျင့်​စာရိတ္တ​ပျက်ပြားသူ​ဖြစ်ကြောင်း သင်​သိ၏။ သူ​၏ အပြစ်များ​ကပင် သူ​၌ အပြစ်ရှိကြောင်း ဖော်ပြနေ၏။


ဖန်ဆင်းတော်မူသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား၏။ ဘုရားသခင်​၏ မျက်မှောက်တော်​တွင် မထင်ရှားသည့်​အရာ တစ်စုံတစ်ခု​မျှ မရှိပေ။ ကျွန်ုပ်တို့​သည် မိမိတို့​၏​လုပ်ဆောင်ချက်များ​အတွက် ထို​အရှင်​ထံ ဝန်ခံ​ကြရမည်။


ဘုရားသခင်​သည် အာဗြဟံ​အား ကတိပေးတော်မူ​သောအခါ တိုင်တည်​၍ ကျိန်ဆို​ရန် မိမိ​ထက် ကြီးမြတ်သော​သူ မရှိ​သောကြောင့် မိမိကိုယ်ကိုယ် တိုင်တည်​၍


ဤ​နည်း​ဖြင့် ကျွန်ုပ်တို့​သည် သမ္မာတရား​နှင့် သက်ဆိုင်သောသူ​ဖြစ်ကြောင်း​ကို သိရ​၍ ဘုရားသခင်​ရှေ့တော်​၌ စိတ်ချ​ယုံကြည်မှု​ရှိကြမည်​ဖြစ်၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​သည် “အပြစ်ရှိသည်” ဟု မခံစားရ​လျှင် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​သို့ စိတ်ချ​ယုံကြည်မှု​ဖြင့် ချဉ်းကပ်​နိုင်ကြ၏။


သားသမီးတို့… သင်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်​၍ ထို​သူတို့​ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်တော်​သည် လောကီသားတို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်​ထက် ပို​၍ ကြီးမြတ်​သောကြောင့် ဖြစ်၏။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ