Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 “အပြစ်​ရှိသည်” ဟု ခံစားရ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​ခံစားမှု​ထက် ကြီးမြတ်တော်မူသည်​ဖြစ်​၍ အားလုံး​ကို သိတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:20
23 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​ခြင်း​ကို လက်​မ​လွှတ်​ဘဲ စွဲကိုင်​ထား​မည်​။ ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်​မ​တင်​ရ​အောင် နေ​မည်​။


ဤသို့ သင်​ပြော​သော​စကား​တို့​သည် မ​မှန်ကန်​ဟု အကျွန်ုပ်​ဆို​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​ထက် ပို၍​ကြီးမြတ်​တော်မူ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊ အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း ချထား​တော်မူ​၏​။


ငါ​ထာဝရဘုရား​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူ​တို့​၏​စိတ်နှလုံး​ကို စစ်ကြော​တတ်​၏​။ အတွင်းသဘော​ကို စစ်ဆေး​တတ်​၏​။


“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။


တတိယ​အကြိမ်​၌ ကိုယ်တော်​က“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌“သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။


သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။


မည်သူ​သည် ပြစ်ဒဏ်​စီရင်​မည်နည်း။ အသေခံ​တော်မူ​သည်​သာမက ထမြောက်​တော်မူ​သော ခရစ်တော်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။


အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။


ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။


ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။


ဘုရားသခင်​သည် အာဗြဟံ​အား ကတိ​ပေး​တော်မူ​သောအခါ တိုင်တည်​ပြောဆို​ရန် မိမိ​ထက် ကြီးမြတ်​သော​သူ​မ​ရှိ​သောကြောင့် မိမိကိုယ်ကို​တိုင်တည်​ပြောဆို​၍


ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး


သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။


သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ