ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
၁ ကော 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။ Common Language Bible ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။- Garrad Bible တစ် ဦး ကား အ မှု ကြီး များ ပြု ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဟော ပြော ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား နတ်၀ိ ညာဥ် များ ပိုင်း ခြား သိ မြင် ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ထို အ ဓိ ပ္ပါယ် ကို ဖော် ပြ ခွင့် ကို လည်းကောင်း ခံ ကြ ရာ၊ Judson Bible တစ်ယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကိုလည်းကောင်း ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ |
ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
ငါသည် ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့သည် ကောင်းကင်မှတန်ခိုးတော် မရရှိမီအထိ မြို့ထဲတွင်နေကြရမည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန် ဆိုသည်မှာ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုထက် ပို၍ကြီးသောအမှုတို့ကိုပင် ပြုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်သောကြောင့်ပင်။
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
ပေါလုသည် သူတို့အပေါ် လက်ကိုတင်သောအခါ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သဖြင့် သူတို့သည် အမျိုးမျိုးသောဘာသာစကားများကို ပြောလျက် ပရောဖက်ပြုကြ၏။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
ယောက်ျားသည် ဦးခေါင်းကို ဖုံးအုပ်၍ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။
မေတ္တာသည် ခန်းခြောက်သွားခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းမှာမူ ပပျောက်သွားလိမ့်မည်။ အခြားဘာသာစကားကို ပြောခြင်းသည်လည်း ရပ်တန့်သွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။
ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… ပရောဖက်ပြုဟောပြောနိုင်စွမ်းကို အလွန်လိုချင်သောစိတ် ရှိကြလော့။ အခြားဘာသာစကားပြောခြင်းကိုလည်း မတားမြစ်ကြနှင့်။
ထပ်မံ၍ မေးလိုသည်မှာ ဘုရားသခင်သည် သင်တို့အား ဝိညာဉ်တော်ကို ပေးတော်မူ၍ သင်တို့အလယ်၌ အံ့ဖွယ်တန်ခိုးတို့ကို ပြတော်မူသည်မှာ ပညတ်တရားကို သင်တို့လိုက်နာသောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို သင်တို့ယုံကြည်သောကြောင့်လော။
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။