Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ယုံကြည်ခြင်း​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ရောဂါ​ပျောက်ကင်းစေနိုင်သော​ဆုကျေးဇူး​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 တစ် ဦး ကား ထို ဝိ ညာဉ် တော် အ တိုင်း အ သိ ပ ညာ စ ကား ကို လည်း ကောင်း၊ တစ် ဦး ကား ထို ၀ိ ညာဥ် တော် ကြောင့် ယုံ ကြည် ခွင့် ကို လည်း ကောင်း၊ တစ် ဦး ကား တစ် ဆူ တည်း သော ထို ၀ိ ညာဥ် တော် ကြောင့် ကု သ ခွင့် ဆု ကျေး ဇူး ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:9
21 ပူးပေါင်းရင်းမြစ်များ  

ဖျားနာသူများ​ကို ကျန်းမာစေကြလော့။ သေလွန်သော​သူတို့​ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များ​ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများ​ကို နှင်ထုတ်ကြလော့။ သင်တို့​သည် အဖိုးအခ​မပေးဆောင်ရဘဲ ရရှိထားသည်​ဖြစ်၍ အဖိုးအခ​မယူဘဲ ပေးကမ်းကြလော့။


ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​သည် သံသယ​ကင်းသော ယုံကြည်ခြင်း​ရှိ​လျှင် ထို​သဖန်းပင်​ကို ငါ​ပြု​သကဲ့သို့ သင်တို့​ပြုနိုင်မည်။ ထိုမျှမက ဤ​တောင်​အား ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။


မြွေဆိုးများ​ကို ကိုင်ဖမ်း​သော်လည်း ဘေးအန္တရာယ်​ကင်းကြ​လိမ့်မည်။ သေစေတတ်သော​အဆိပ်​ကို သောက်မိ​သော်လည်း ဘေးအန္တရာယ်​ကင်းကြ​လိမ့်မည်။ ဖျားနာသူများ​အပေါ်​၌ လက်​ကို တင်​၍ ကျန်းမာစေကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


နတ်ဆိုး​များစွာ​ကို နှင်ထုတ်​၍ ဖျားနာသူ​များစွာ​ကိုလည်း သံလွင်ဆီ​ဖြင့် လိမ်း​ကာ ကျန်းမာစေကြ၏။


ဖျားနာသောသူများ​အား ကုသပေး​၍ ‘ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လာချိန်​နီးပြီ’ ဟု ဟောပြောကြလော့။


ထို့နောက် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​စေရန်​နှင့် ဖျားနာသောသူများ​အား ကျန်းမာ​စေရန် တပည့်တော်တို့​ကို စေလွှတ်တော်မူ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


လူတို့​သည် အနာရောဂါ​ရှိသော​သူများ​ကို လမ်း​နံဘေးသို့ သယ်ဆောင်လာ​၍ ခုတင်​နှင့် ဖျာ​ပေါ်တွင် ထားကြ၏။ ဤသည်​မှာ ပေတရု​ဖြတ်သွား​သောအခါ တချို့​လူနာများ​အပေါ်​သို့ သူ​၏​အရိပ်​ကျရောက်​စေရန် ဖြစ်၏။


အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ ပထမ​အနေဖြင့် တမန်တော်များ၊ ဒုတိယ​အနေဖြင့် ပရောဖက်များ၊ တတိယ​အနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊ ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊ အများ​ကို ကူညီဖေးမသူများ၊ ဦးဆောင်​လမ်းပြနိုင်သူများ၊ ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ စသည်တို့​ဖြစ်ကြ၏။


လူတိုင်း ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး ရှိ​သလော။ လူတိုင်း ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်​သလော။ လူတိုင်း ထို​ဘာသာစကား​၏ အနက်​ကို ပြန်နိုင်​သလော။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


ကျမ်းစာ​၌ “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော၏” ဟု ရေးသားထား၏။ ကျွန်ုပ်တို့​တွင်လည်း ထို​ယုံကြည်သည့်​စိတ် ရှိ​သဖြင့် ဟောပြောကြ၏။


သင်တို့​သည် ယုံကြည်ခြင်း​ဖြင့် ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ခံရ၏။ သင်တို့​ကိုယ်တိုင် ပြုသော ကုသိုလ်​ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်​ဖြစ်၏။


ထို​သူတို့​သည် ယုံကြည်ခြင်း​ဖြင့် အခြား​တိုင်း​နိုင်ငံ​ကို အောင်နိုင်ခြင်း၊ တရားမျှတ​စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များ​ကို ခံစားရခြင်း၊ ခြင်္သေ့​ပါးစပ်​ကို ပိတ်ခြင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ