၁ ကော 14:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို ကြောင့် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ သည် အ ဓိ ပ္ပာယ် ဖော် ပြ ခွင့် ရ ရန် တောင်း လျှောက် စေ။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖော်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။