သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
ဧဖက် 6:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။ Common Language Bible သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။- Garrad Bible အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊ Judson Bible ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန် အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့။- မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။ |
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ဘုရားသခင်၏ ဘုန်းတော် ကြွယ်ဝသည်နှင့်အညီ သင်တို့၏ အတွင်းစိတ်ကို ဝိညာဉ်တော်မှတစ်ဆင့် တန်ခိုးတော်ဖြင့် ကြံ့ခိုင်သန်မာစေတော်မူရန် ဆုတောင်း၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်နှင့်အညီ တန်ခိုးတော်အပေါင်းတို့ဖြင့် ခွန်အားဖြည့်ခံရသဖြင့် ဝမ်းမြောက်သောစိတ်ဖြင့် အလွန်စိတ်ရှည်စွာ အရာရာကို သည်းခံနိုင်ရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သားသမီးတို့… သင်တို့သည် ခမည်းတော်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် ခွန်အားကြီး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့၌ တည်လျက် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။