Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သားသမီးတို့… သင်တို့​သည် ခမည်းတော်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် ခွန်အားကြီး​၍ ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​၌ တည်​လျက် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ချင်း အ ဘ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ အ ချင်း ပျို ရွယ် သူ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ ဘု ရား သ ခင် တ ရား တော် သည် သင် တို့၌ တည် လျက် သင် တို့ ခွန် အား ရှိ၍ မာရ် နတ် ကို အောင် ကြ သော ကြောင့် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:14
18 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ခမည်းတော် စေလွှတ်တော်မူသော​သူ​ကို သင်တို့​မယုံကြည်​သောကြောင့် သူ​၏​နှုတ်ကပတ်​တရားတော်​သည်လည်း သင်တို့​စိတ်နှလုံး​တွင် မတည်။


ယေရှု​က မိမိ​ကို ယုံကြည်သော​ဂျူးလူမျိုးတို့​အား “ငါ့​သွန်သင်ချက်​ကို လိုက်နာ​လျှင် သင်တို့​သည် အမှန်​ပင် ငါ့​တပည့်​ဖြစ်ကြ၏။


သင်တို့​သည် အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြောင်း​ကို ငါ​သိ၏။ သို့သော်လည်း သင်တို့​သည် ငါ​၏ သွန်သင်ချက်​ကို လက်မခံ​လို​သောကြောင့် ငါ့​ကို သတ်​ရန် ရှာကြံကြ၏။


နိဂုံးချုပ်​အားဖြင့် ဆိုရ​လျှင် သင်တို့​သည် သခင်ဘုရား​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​၏ သာလွန်​ထူးကဲသော​တန်ခိုးတော်​အားဖြင့်​လည်းကောင်း ကြံ့ခိုင်ကြလော့။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ခရစ်တော်​အားဖြင့် ထို​အခြေအနေ​အားလုံး​ကို ကျွန်ုပ်​ရင်ဆိုင်​နိုင်၏။


ထို့ပြင် သင်တို့​သည် ကိုယ်တော်​၏ ဘုန်းတန်ခိုးတော်​နှင့်အညီ တန်ခိုးတော်​အပေါင်းတို့​ဖြင့် ခွန်အား​ဖြည့်ခံရ​သဖြင့် ဝမ်းမြောက်သော​စိတ်​ဖြင့် အလွန်​စိတ်ရှည်​စွာ အရာရာ​ကို သည်းခံနိုင်​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


ကျွန်ုပ်​၏​သား တိမောသေ… ယေရှု​ခရစ်တော်​ပေးတော်မူသော ကျေးဇူးတော်​ဖြင့် ကြံ့ခိုင်လော့။


ထာဝရဘုရား​မိန့်တော်မူသည်​မှာ ထို​ကာလ​ပြီးနောက် ငါ​သည် အစ္စရေး​လူမျိုးတို့​နှင့် ပဋိညာဉ်​ဖွဲ့မည်။ ငါ့​ပညတ်တရား​ကို သူတို့​အသိဉာဏ်​၌ ထည့်သွင်း​၍ သူတို့​၏ နှလုံးသား​၌ ရေးထားမည်။ ငါ​သည် သူတို့​၏​ဘုရား​ဖြစ်​ပြီး သူတို့​သည် ငါ​၏​လူများ​ဖြစ်ကြ​လိမ့်မည်။


အစဦး​ကပင် ရှိနေ​၍ ကျွန်ုပ်တို့​ကြားရသော​အရာ၊ ကျွန်ုပ်တို့​မျက်စိ​ဖြင့် မြင်ရသော​အရာ၊ ကျွန်ုပ်တို့​ကြည့်ရှု​၍ လက်​ဖြင့် ထိတွေ့ခဲ့သော​အရာ​ဖြစ်သည့် အသက်တော်​တည်းဟူသော နှုတ်ကပတ်တော်​အကြောင်း​ကို သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်၏။


“ကျွန်ုပ်တို့​သည် အပြစ်​ကျူးလွန်​မထားပါ” ဟု ဆိုလျှင် ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည်လည်း ကျွန်ုပ်တို့​ထဲတွင် မရှိ။


ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​ထဲတွင် တည်နေ​၍ ကျွန်ုပ်တို့​နှင့် အစဉ်မပြတ်​ရှိနေမည့် သမ္မာတရား​ကြောင့်​ဖြစ်၏။


သင်​သည် သမ္မာတရား​၌ ကျင်လည်နေသည့်​အတိုင်း ယုံကြည်သူ​တချို့​သည် လာ​၍ သမ္မာတရား​အပေါ် သင်​သစ္စာရှိသည့်​အကြောင်း သက်သေခံကြ​သောအခါ ကျွန်ုပ်​အလွန်​ဝမ်းမြောက်၏။


သင်​သည် စိတ်မပျက်ဘဲ သည်းခံ​လျက် ငါ​၏​နာမ​ကို ထောက်​၍ ဒုက္ခ​ခံခဲ့၏။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူတို့​ကို ဘုရားသခင်​၏ ပရဒိသုဘုံ​၌​ရှိသော အသက်ပင်​၏​အသီး​ကို စားခွင့်​ပေးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ