ထိုသို့ဆက်ကပ်ထားသော သူများမှစ၍ သူတို့နှင့်အတူ လုပ်ကိုင်လျက် ကြိုးစားအားထုတ်နေကြသောသူအားလုံး၏ ဦးဆောင်မှုကို လိုက်နာကြရန် သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
ဧဖက် 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်ကို ရိုသေသောစိတ်ဖြင့် တစ်ဦးကို တစ်ဦး နာခံကြလော့။ Common Language Bible ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။ Garrad Bible ခ ရစ် တော် ကို ခန့် ညား လျက် တစ် ဦး အောက် တစ် ဦး အ နော် အ တာ ခံ ကြ လော့။ Judson Bible ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကို နှိမ့်ချလျက် နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ကိုကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အချင်းချင်းနာခံကြလော့။ |
ထိုသို့ဆက်ကပ်ထားသော သူများမှစ၍ သူတို့နှင့်အတူ လုပ်ကိုင်လျက် ကြိုးစားအားထုတ်နေကြသောသူအားလုံး၏ ဦးဆောင်မှုကို လိုက်နာကြရန် သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
အသင်းတော်သည် ခရစ်တော်ကို နာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိခင်ပွန်းသည်ကို နာခံကြရမည်။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
သူသည် မိမိအိမ်ထောင်ကို ကောင်းစွာ ဦးဆောင်စီမံနိုင်ပြီး အရာရာ၌ သားသမီးများ၏ နာခံလေးစားမှုကို ခံရသောသူဖြစ်ရမည်။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
သခင်ဘုရား၏ မျက်နှာတော်ကို ထောက်၍ လူတို့၏အုပ်ချုပ်မှုကို နာခံကြလော့။ အကြီးဆုံးသောအာဏာပိုင်ရှင်ဘုရင်၏ အုပ်ချုပ်မှုကို ဖြစ်စေ၊
လူတိုင်းကိုလေးစားကြလော့။ ယုံကြည်သူညီအစ်ကိုမောင်နှမတို့ကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။