ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းကြီးတော်မူစေရန် ငါ၏အမည်နာမကို အမှီပြု၍ သင်တို့တောင်းလျှောက်လျှင် တောင်းလျှောက်သမျှကို ငါပေးမည်။
ဟေဗြဲ 7:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။ Garrad Bible ကိုယ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် သူ တို့ အ တွက် အ သ နား တော် ခံ ရန် အ စဉ် ရှင် နေ သည့် အ လျောက် ထို သူ တို့ ကို အ ဆုံး တိုင် ကယ် တင် တော် မူ နိုင်၏။ Judson Bible ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။ |
ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းကြီးတော်မူစေရန် ငါ၏အမည်နာမကို အမှီပြု၍ သင်တို့တောင်းလျှောက်လျှင် တောင်းလျှောက်သမျှကို ငါပေးမည်။
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
ကျွန်ုပ်တို့သည် ထိုသခင်နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံသို့ ရဲရင့်မှုနှင့် စိတ်ချယုံကြည်မှုဖြင့် ဝင်ရောက်ချဉ်းကပ်ခွင့်ကို ရရှိကြ၏။
ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည်
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုပြုခဲ့သောအမှုတော်အားဖြင့် ဘုရားသခင်၏ နာမတော်ကို ဝန်ခံလျက် ဘုရားသခင်အား ချီးမွမ်းခြင်းယဇ်ကို အစဉ်ပူဇော်ကြပါစို့။
ကိုယ်တော်သည် ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသောကြောင့် ဖြားယောင်းသွေးဆောင်ခံရသူများကို ကူညီပေးနိုင်၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
ထိုယဇ်ပုရောဟိတ်သည် လေဝိအနွယ်မှ ဖြစ်ရမည်ဟူသော ပညတ်တရား၏ စည်းမျဉ်းအရ မဟုတ်ဘဲ မိမိ၏မပျက်စီးနိုင်သောအသက်တန်ခိုးအရ ယဇ်ပုရောဟိတ်ဖြစ်လာ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ ပြီးပြည့်စုံအောင်မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်၏။ ယခုတွင်မူ ပို၍ကောင်းသောမျှော်လင့်ချက် ရှိလာသဖြင့် ကျွန်ုပ်တို့သည် ထိုမျှော်လင့်ချက်ဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြ၏။
သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။
ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိအနွယ်ယဇ်ပုရောဟိတ်တို့သည် သေတတ်သောလူများဖြစ်ကြသော်လည်း ဆယ်ပုံတစ်ပုံကို ခံယူသော ဤမေလခိဇေဒက်မှာ အသက်ရှင်ကြောင်း သက်သေထင်ရှား၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်